📷📦✉

hlay(36)
Published in
#artzone
Words
457
Reading
3 min
Listen
Play
8y

📃English Grammar

Indefinite pronouns

Indefinite pronoun ဆိုတာ မတိကျတဲ့ pronoun ​တွေပါ
မတိကျတဲ့ pronoun ​တွေဆို​တော့ သူတို့ညွှန်းတဲ့ လူ ဒါမှမဟုတ်​ အရာဝတ္တု အတိအကျမရှိဘူး
ဥပမာ-

She's hoping somebody will help her with her work.
သူမအလုပ်​ကို တစ်​​ယောက်​​ယောက်​ ကူ​လုပ်​ပေးမယ်​လို့​မျှော်​လင့်​​နေတယ်

ဒီဝါကျမှာ သူမ အလုပ်​ကို ကူလုပ်​​ပေးမှာက ဘယ်​သူလဲ
သူမရဲ့အကိုလား သူမရဲ့သူငယ်​ချင်းလား သူမရဲ့အ​မေလား
အဲ့လိုတိတိကျကျညွှန်းတာမဟုတ်​ပဲ တစ်​​ယောက်​​ယောက်​(ဘယ်​သူဖြစ်​ဖြစ်​)ကို မတိမကျညွှန်းထားတဲ့ somebody ဆိုတာက indedinite pronoun ပါ

Indefinite pronoun ​တွေကိုသုံးတာ​လေး​တွေကိုအမျိုးအစားခွဲကြည့်​ရင်

1 > People(လူ အစားသုံးတာ)
2 > Things(အရာဝတ္ထု​တွေ အစားသုံးတာ)
3 > Either people or things(နှစ်​ခုလုံးအစား သုံးတာ)
ဆိုပြီး ခွဲလို့ရပါမယ်

အမျိုးအစားတစ်​ခုချင်းစီအလိုက်​ singular(တစ်​ခုကိန်း) နဲ့ plural(အများကိန်း) ဆိုပြီးထပ်​ကွဲပါမယ်
အောက်​မှာ​လေ့လာကြည့်​ပါ

People (လူအစားသုံး​သော indefinite pronoun များ)

Singular

anybody/anyone , everybody/everyone , one ,
nobody/no one/no-one , somebody / someone
whoever/whosoever , whomever/whomsoever
you

Plural

They

Things(အရာဝတ္တု​တွေအစားသုံး​သောindefinite pronounများ)

Singular

anything , enough , everything , less , little , much , nothing , something , such , this ,whatever , whichever

Either people or things(နှစ်​ခုလုံးအစားသုံးနိုင်​​သော indefinite pronoun များ)

Singular

another , one(quantifier) , each , either , other

Plural

both , few , fewer ,many ,others ,several

Singular or Plural

all , any , more , most , neither , none ,plenty ,some
×××××××××××××
English Grammar

pronoun အမျိုးအစား (9) မျိုးထဲက personal pronoun နဲ့ Reflexive pronoun အ​ကြောင်းကို​တော့အကြမ်းဖျင်း​ပြောခဲ့ပါပြီ
ကျန်​တဲ့ pronoun ​လေး​တွေဆက်​သွားရ​အောင်

Intensive pronouns

Intensive pronoun ဆိုတာက ​reflexive pronoun နဲ့အတူတူပါပဲ
myself , yourself , ourselves , himself , herself , itself ,themselves ဒါ​တွေပါပဲ
ို Intensive pronoun ကလဲ ဒါ​တွေပဲ
Reflexive pronoun ကလဲဒါ​တွေပဲ
ဒါဆို ဒီနှစ်​ခု ဘာကွာသလဲ
ကြည့်​ရ​အောင်

Reflexive pronoun ​လေးနည်းနည်းပြန်​ရှင်းပါမယ်

Reflexive pronoun ကို ပြုလုပ်​သူ(subject) ကိုယ်​တိုင်​က ခံရသူ (object)ဖြစ်​​နေတဲ့အခါ သုံးပါတယ်
ဥပမာ-

I saw myself in the mirror.
(မှန်​ထဲမှာ ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​မြင်​ခဲ့တယ်​)

ဒီစာ​ကြောင်းကိုကြည့်​ရင်
saw(မြင်​ခဲ့သည်​) က verb ​ပေါ့
ဒါဆိုဘယ်​သူကမြင်​တာလဲ (I)ကမြင်​တာ , ဒါဆို( I )က subject
ဒီ​တော့ ဘယ်​သူ့ကိုမြင်​တာလဲ
မှန်​ထဲကြည့်​မှ​တော့ ကိုယ့်​ရုပ်​ကိုပဲမြင်​ရမှာ​လေ
ဒီ​တော(့ I )ကိုပဲ မြင်​တယ်
ဒီ​တော့ I saw I ( subject ကလဲ( I) . object ကလ(ဲ I))
ဒီလို subject နဲ့ object တူ​နေပြီဆိုရင်​ လာပြီ reflexive pronoun
ဒီ​တော့ I saw I လို့မ​​ရေးပဲ I saw myself ဆိုပြီး reflexive ဖြစ်​တဲ့ myself ကိုသုံးသွားတယ်
ဒီ​တော့ reflexive pronoun ကို object ​နေရာမှာသုံးတယ်
့ reflexive pronoun အသုံး​လေးသိရင်​ intensive pronoun အသုံးကို​လေ့လာကြည့်​ရ​အောင်

Intensive pronoun က​ subject ကိုအ​လေး​ပေးပြီး ​ပေါ်လွင်​​စေချင်​ရင်​သုံးတယ်
သုံးတဲ့​နေရာ နှစ်​​နေရာရှိတယ်
၁- သူအ​လေး​ပေး​ပေါ်လွင်​​စေချင်​တဲ့ subject ရဲ့​နောက်​မှာ
၂- direct object ရဲ့​နောက်​မှာ

ဥပမာ​လေးကြည့်​ရ​အောင်

The general himself will oversee the operation.
(ဗိုလ်​ချုပ်​ကြီးက စစ်​ဆင်​​ရေးကို ကိုယ်​တိုင်​ကွပ်​ကဲလိမ့်​မယ်​)

ဒီဝါကျမှာ himself ကိုမြင်​တာနဲ့ reflexive pronoun လိုမယူဆလိုက်​ပါနဲ့
verb က oversee(ကွပ်​ကဲသည်​)
ဘယ်​သူကကွပ်​ကဲမှာလဲ (The general)ဗိုလ်​ချုပ်​ကြီးက ကွပ်​ကဲမှာ
ဒါဆို The general က subject
ဒီ​တော့ ဘာကိုကွပ်​ကဲမှာလဲ (operation)စစ်​​ဆင်​​ရေးကိုကွပ်​ကဲမှာ
operation က object
subject နဲ့ object မတူတဲ့အချိန်​မှာ himself ကိုသုံး​တော့ ဒီ himself က intensive pronoun ပါ
သူရဲ့လုပ်​​ဆောင်​ချက်​ကိုကြည့်​ရင်​ himself ပါတဲ့အတွက်​ the general ကပို​ပေါ်လွင်​သွားတယ်

ဗိုလ်​ချုပ်​ကြီးကွပ်​ကဲမှာ
ဗိုလ်​ချုပ်​ကြီးကိုယ်​တိုင်​ကွပ်​ကဲမှာ

ဒီ​တော့ intensive pronoun(himself) ကို ​ပေါ်လွင်​​စေချင်​တဲ့ the general ရဲ့​နောက်​မှာ ကပ်​ပြီးသုံးတယ်

နောက်​ဥပမာတစ်​ခု

She can do this project herself.
(ဒီပ​ရောဂျက်​ကို သူမကိုယ်​တိုင်​လုပ်​နိုင်​တယ်​)

ဒီမှာဆိုလဲသိ​လောက်​ပါပြီ
She က subject . the project က object
herself က intensive pronoun
intensive pronoun (herself)ကို direct object(project)ရဲ့​နောက်​မှာသုံးသွားတယ်

ဒီ​တော့ထူးခြားချက်​​လေးတစ်​ခုမှတ်​ပါ

intensive pronoun ​တွေကို ဖြုတ်​ချင်​ဖြုတ်​ ထည့်​ချင်​ထည့်
ဝါကျရဲ့ဆိုလိုရင်းကို​တော့ မ​ပြောင်းလဲသွား​စေပါဘူး
သူတို့က ဝါကျရဲ့အဓိပ္ပါယ်​နဲ့ grammar နည်းအရ သိပ်​မဆက်​စပ်​ဘူး​ပေါ့
ဥပမာ​လေးကြည့်​လိုက်​ပါ
စော​စောက intensive pronoun သုံးထားတဲ့ဝါကျ​တွေကို intensive pronoun ဖြုတ်​ကြည့်​လိုက်​မယ်

The general will oversee the operation.
She can do this project.

အဓိပ္ပါယ်​​ပြောင်းလဲမသွားပါဘူး
Intensive pronoun ဆိုတာဒါပါပဲ
××××××××××××××××
..

image
hlay@hlay

📷📦✉ | Ecency