......ကိုယ်တကယ်ချစ်တဲ့လူနဲ့ဆုံတဲ့အခါ
သူနဲ့တသက်လုံးလက်တွဲနိုင်ဖို့ကြိုးစားပါ
......သူမရှိတော့ရင် အရာအားလုံး
နှောင်းသွားပါလိမ့်မယ်
......ကိုယ်ယုံကြည်ရတဲ့သူငယ်ချင်းနဲ့ဆုံတဲ့အခါ
သင့်မြတ်အောင်နေထိုင်ဖို့ကြိုးစားပါ
......ဘဝတလျှောက်မှာကိုယ်နဲ့သဘောထားချင်း
တိုက်ဆိုင်တဲ့သူနဲ့ဆုံဖို့ဆိုတာမလွယ်လှဘူး
......ကိုယ့်ဘဝကိုကူညီတဲ့လူနဲ့ဆုံတဲ့အခါ
သူ့ကျေးဇူးကိုမှတ်ထားပါ
......သူဟာကိုယ့်ဘဝကိုလှည့်ပြောင်းပေး
ခဲ့သူဖြစ်လို့ပါပဲ
.....ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ဆုံတဲ့အခါ
ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ
......သူ့ကြောင့်အချစ်ကိုနားလည်စေခဲ့လို့ပါပဲ
.......ကိုယ်မုန်းခဲ့ဖူးနဲ့လူနဲ့ဆုံးတဲ့အခါ
ပြုံးပြပြီး.နှုတ်ဆက်လိုက်ပါ
......သူ့ကြောင့်ကိုယ့်စိတ်ဓာတ်ကြံ့ခိုင်ခဲ့လို့ပါပဲ
.......ကိုယ်နဲ့အတူနေနေတဲ့ ကိုယ့်ကိုအဖော်ပြုပေးနေသူကို လုံးဝကျေးဇူးတင်ပါ
......သူ့ကြောင့်ပျော်ရွှင်ကြည်နူးမှုနဲ့
ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ
.......ကိုယ့်ကို သစ္စာ ဖောက်သွားတဲ့သူနဲ့
ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ
.....သူ့ကြောင့်ကိုယ်လောကကြီးအကြောင်းကို
ကိုယ်နားလည်ခဲ့လိုပါပဲ
......ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးတဲ့လူနဲ့ဆုံတဲ့အခါ
သူပျော်ရွှင်စေဖို့ တောင်းဆုပြုပေးလိုက်ပါ
.....သူ့ကိုကိုယ်ချစ်ခဲ့စဉ်က သူပျော်ရွှင်နေတာကိုပဲ
ကိုယ်မြင်ချင်ခဲ့လို့ပါ
......ကိုယ့်ကိုထားခဲ့တဲ့လူနဲ့ဆုံတဲ့အခါ
ကျေးဇူးတင်ကြောင်းပြောပါ
......ကိုယ့်ဘဝမှာ အမှတ်တရအတိတ်ခြေရာ
လေးတွေထင်ကျန်အောင်သူနင်းလျှောက်ခဲ့လို့ပါပဲ
.......တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘဝမှာ
.......လုပ်ခွင့်ရတဲ့ အခွင့်ရေးလေးဟာလဲ
.......တစ်ခါပဲရှိပါတယ်
အားလုံးပျော်ရွှင်ကြည်နူးကြပါစေ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း
တို့နဲ့ ပြည့်စုံကြပါစေ
Aung Ko Latt ပေတူး ရာမညမြေ