ကုန်လွန်းသွားခဲ့လေပြီ..........

henryba(50)
Published in
#about
Words
188
Reading
1 min
Listen
Play
9y

နောက်ဆုံးနှစ်စာမေးပွဲပြီးလို့ ကိုယ့်နေရာကိုယ့်ဒေသသို့ အသီးသီးပြန်ကြတဲ့အခါ ကျောင်းသားတိုင်းရဲ့ စိတ်ထဲမှာ ဘယ်လိုမှ ပြောမပြတတ်တဲ့ ခံစားချက်တစ်ခုစီ ရှိနေကြတာအမှန်ပါ။ ကိုယ့်ရှေ့က စီနီယာအကိုတွေအလှည့်တုန်းက ဘာမှမဖြစ်ဘူးထင်ပေမယ့် တကယ်ကြုံတွေ့လာတဲ့အခါမှာတော့ ခံစားရတာက အပြင်ကလူမသိပေမယ့် တကယ်ကို ခံစားရတာခက်ပါတယ်။ ပြန်လိုချင်လို့မရတော့တဲ့ ကျောင်းသားဘဝ ၊ဆရာမဆရာမတွေရဲ့ နွေးထွေးမှူတွေ သူငယ်ချင်းတွေရဲ့ နွေးထွေးမှူ တွေကို ပြန်လည်လိုချင်မိတာတော့အမှန်ပါ။ကျွန်တော်တို့ပြန်ခါနီး ဆရာမတွေကို သွားကန်တော့တဲ့အခါ မျက်ရည်တွေဝဲနေကြပါတယ်။ဘဝခရီးကိုဖြတ်သန်းကြရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံတွေ့ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။

FB_IMG_1507053972192.jpg

ကျွန်တော်တို့ ကျောင်းစာမေးပွဲဖြေပြီးတော့ ကျွန်တော်တို့မေဂျာက ဂျူနီယာ ညီလေးတွေ ၊ညီမလေးတွေနဲ့ စုပေါင်းပြီး ပျက်စီးနေတဲ့ ကျောင်းရဲ့ လမ်းပိုင်းကို စုပေါင်းခင်းခဲ့ကြပါတယ်။ မေဂျာကလည်း Civil ဆိုတော့ အဆင်ပြေတာပေါ့။ လုအတွေ့အကြုံ ဗဟုသုတလည်းရတယ် ကိုယ်တက်ခဲ့တဲ့ကျောင်းရဲ့ ကောင်းကျိုးကိုဖြစ်စေတယ် နောက်တက်ကြမယ် ညီလေး ၊ညီမလေးတွေ အတွက်လည်း အဆင်ပြေသွားစေတာပေါ။

IMG_20171003_104110.jpg

FB_IMG_1507053957449.jpg

IMG_20171003_104147.jpg

ကျောင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီပြီး တစည်းတလုံးတည်း ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြတဲ့ အတွက် ကျောင်းလမ်းပိုင်းလေးဟာလဲ ပြီးသင့်သလောက် ပြီးခဲ့ပါပြီ။ လမ်းခင်းပြီးတော့ ဆရာမတွေက စုပြီးတော့ ကျွန်တော်တို့ကို ရေခဲမုန့်တွေ ကျွေးခဲ့ပါတယ်။ အဲ့ဒီချိန်စားခဲ့ရတဲ့ ရေခဲမုန့်က ဘာရယ်ကြောင့်တော့မသိပါ အရမ်းကိုစားလို့ကောင်းနေပါတယ်။ပြန်ခါနီးကျတော့ငိုချင်သလိုလို တောင်ဖြစ်လာပါတယ်။ အဲ့ဒီလိုအချိန် ကျောင်းသားတိုင်းရဲ့ ရင်ထဲမှာ ခံစားချက်တွေနဲ့ ခြေလှမ်းတွေက အရမ်းကိုလေးလံလိုနေပါတယ်။

FB_IMG_1507053948683.jpg

သူငယ်ချင်းတွေ၊ ဆရာ ဆရာမတွေနှင့် ခွဲရတော့မှာမို့ထင်ပါတယ်။ငယ်ငယ်တုန်းကကျောင်းတက်တယ် ခွဲခဲ့ရတယ် ဒါပေမယ့်အခုလောက်ထိတော့ စိတ်ထဲစွဲပြီး မခံစားခဲ့ဖူးပါဘူး။အခုတစ်ခေါက်ဆုံတွေ့ခြင်း၊ ခွဲရခြင်းက ဘဝမှာ နောက်ဆုံး တွေ့ဆုံခြင်းလည်းဖြစ်နိုင်ပါတယ်။ဘဝခရီးလမ်းကိုလျှောက်လှမ်းကြရတဲ့အခါ ဘယ်လောက်ပဲ ချစ်လှပါတယ်ဆိုတဲ့ သူငယ်ချင်းတွေ ညီအကိုတွေတာင်
တစ်ယောက်တစ်လမ်းစီ လျှောက်လှမ်းကြရတာပါ။

ညနေဘက်ရောက်တော့ ဆရာမတွေကို ကျွန်တော်တို့ သူငယ်ချင်းငါးယောက် ကန်တော့ကြပါတယ်။ ကျွန်တော်တို့ ငါးယောက်က ပထမနှစ်တည်းက တစ်ဆောင်တည်းနေပြီးတော့ ညီအကိုလို ပေါင်းလာကြတဲ့ သူငယ်ချင်းတွေပါ။ မနက်မိုးလင်းရင် ကားလေးစီးပြီး ကိုယ့်ဋ္ဌာနေမွေးရပ်ကို ပြန်ရတော့မှာမို့ ဆရာမတွေရဲ့ မျက်လုံးတွေထဲမှာ ဝမ်းနည်မှု အရိပ်အယောင်တွေကို မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာလည်း အတော်ကို ခံစားရပါတယ်။ကျောင်းတက်ခဲ့တဲ့ငါးနှစ်မှာ ဆရာရာမတွေရဲ့ သြဝါဒစကားတွေ သင်ကြားမှူတွေ ဆုံးမပေးမှုတွေကြောင့် အခုလို ဘွဲ့ ရတော့မဲ့ ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့တာပါ။

ဆရာဆိုတာ အန္တဒေါ အန္တဒ ငါးပါးထဲမှာ တစ်ပါးအဝင်ပါ။ညနေဘက်ရောက်လို့ သွားကန်တော့တဲ့အခါ ဆရာမတစ်ယောက်ပြောတဲ့ ဆုံးမစကားကို အခုထိပြန်ကြားယောင်နေမိပါတယ်။ အဲ့ဒါကတော့ သားတို့ ဘဝခရီးလမ်းကို ကိုယ်စီလျှောက်လှမ်းကြတဲ့အခါမှာ -ဘယ်တော့မှ ဖြတ်လမ်းနည်းကနေမလိုက်ပါနဲ့၊ အလုပ်လုပ်ရင် သူများတကာတွေ အပေါ်မှာ စေတနာထားပြီးလုပ်ပါ၊ ကိုယ်နဲ့မဆိုင်တဲ့ အရာတွေကို မစပ်စုပါနဲ့၊ ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အလာဟသ မဖြုန်းတီးပါနဲ့တဲ့။

ဟုတ်ကဲ့ပါဆရာမ သားတို့ ဆရာမပြောတဲ့ စကားတွေကို နားနဲ့နားထောင်ရုံမဟုတ်ပဲ နှလုံးသားနဲ့နားထောင်ပြီး ရင်ထဲမှာ ကဗျည်းထိုးသလိုမျိုး အစဉ်ထာဝရ မှတ်သားထားမှာပါ။ သားတို့ အားလုံးလည်း နိုင်ငံ အတွက် တန်ဖိုးရှိစေမယ့် နိုင်ငံ့သားကောင်းတွေဖြစ်အောင် တိုင်းပြည်ကြီးတိုးတက်ဖို့အတွက် အားတစ်ရပ်ဖြစ်စေမယ့် အင်ဂျင်နီယာကြီးတွေဖြစ်အောင် ကြိုးစားသွားမှာပါ။......................

ဆရာဆရာများနှင့်သူငယ်ချင်းများကို အမြဲတမ်း သတိရလျှက်ပါ......

Author -Aung Ko Oo (Henryba)

6.10.2017

ဆက်လက်ကြိုးစားရေးသားပါအုံးမည်။

ကုန်လွန်းသွားခဲ့လေပြီ.......... | Ecency