Xiaomi ကပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပေမယ့် အခုသိရတဲ့သတင်းတွေအရတော့ Redmi 6 Pro စမတ်ဖုန်းကို နောက်လမှာ မိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။
Xiaomi Redmi 6 စမတ်ဖုန်းဟာ MediaTek ရဲ့ Heio P22 Processor ကို အသုံးပြုခဲ့ပေမယ့် ယခု Redmi 6 Pro စမတ်ဖုန်းကတော့ Processor ကို အဆင့်မြှင့်တင်လာမှာဖြစ်ပြီးတော့ Qualcomm Snapdragon 636 Processor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ကျန်တဲ့အချက်တွေကတော့ ပုံမှန် Redmi 6 စမတ်ဖုန်းနဲ့ တူညီမှာပဲဖြစ်ပါတယ်။
ဒါပေမယ့် Xiaomi အနေနဲ့ မိတ်ဆက်သွားမှာ Redmi 6 Pro စမတ်ဖုန်းတစ်ခုထဲတင်မဟုတ်ပါဘူး။ Mi Max Series ဖုန်းသစ်တစ်ခုဖြစ်တဲ့ Mi Max 3 စမတ်ဖုန်းဟာလည်း နောက်လမှာမိတ်ဆက်ဖို့ ရှိနေတဲ့ စမတ်ဖုန်းတစ်ခုပဲဖြစ်ပါတယ်။
အဆိုပါ Mi Max 3 စမတ်ဖုန်းဟာ လက်ရှိ Mi 8 SE စမတ်ဖုန်းမှာ အသုံးပြုထားသလိုပဲ Qualcomm Snapdragon 710 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ 6.99″ 18:9 Display နဲ့ 5500mAh Battery ပါဝင်လာမှာပဲဖြစ်ပါတယ်။
အခုလိုမျိုး Xiaomi စမတ်ဖုန်းအသစ် ၂ မျိုးအပြင် Mi Pad 4 ကိုလည်း နောက်လမှာ မြင်လာရမယ်လို့ အချို့သော သတင်းတွေက ဆိုနေပါသေးတယ်။ အခု Mi Pad 4 ကတော့ Display ကို 9.7″ Display ပဲ အသုံးပြုလာဦးမှာဖြစ်ပြီး Qualcomm Snapdragon 660 Processor ၊ 6000mAh Battery တွေပါဝင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀ ဝန်းကျင်ကနေ စတင်မယ်လို့ သိရပါတယ်။
ဘာပဲဖြြစ်ဖစ် Xiaomi ချစ်သူတွေအတွက်တော့ နောက်လက Devices အသစ်တွေအများကြီး ထွက်မယ့်လတစ်လဖြစ်ဦးမှာပါ။
Source