ကမ္ဘာအ၀န်းမှ မိုဘိုင်း အော်ပရေတာများဟာ နောက်မျိုးဆက်
ဆက်သွယ်ရေး ကွန်ယက်ဖြစ်တဲ့ 5G ကို အဆင့်မြှင့် ၀န်ဆောင်
မှုပေးဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ ဗြိတိန်မှ နာမည်
ကီး မိုဘိုင်း အော်ပရေတာ တစ်ခုဖြစ်တဲ့ EE က အောက်တိုဘာ
လမှာ အရှေ့လန်ဒန်တွင် 5G ကို စမ်းသပ်ခြင်းဖြင့် ဗြိတိန်ရဲ့ ပထ
မဆုံး 5G စမ်းသပ်တဲ့ မိုဘိုင်းအော်ပရေတာ ဖြစ်လာတော့မယ်လို့
ပြောပါတယ်။
အခုတော့ ဗြိတိန်ရဲ့ တတိယ အကြီးမားဆုံး မိုဘိုင်း အော်ပရေ
တာ ဖြစ်တဲ့ Vodafone က ယခုနှစ် အောက်တိုဘာလနဲ့ ဒီဇင်
ဘာလအကြားမှာ 5G ကွန်ယက်ကို စမ်းသပ်မယ်လို့ ကြေညာလို
က်ပါတယ်။ Vodafone က ယခုနှစ်နှောင်းပိုင်းမှာ ဗြိတိန်ရဲ့ မြို့
ကီး ၁၀ ခုမှာ နောက်မျိုးဆက် 5G ကွန်ယက်ကို စမ်းသပ် ပံ့ပိုး
ပမယ်လို့ ပြောပါတယ်။![
၂၀၁၉ ခုနှစ် အစောပိုင်းမှာ ဗြိတိန်မှ ဝေးလံခေါင်ဖြားတဲ့ နေရာဒေ
သများအတွက် အကန့်အသတ်ဖြင့် ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။
Vodafone ဟာ Birmingham, Bristol, Cardiff, Glasgow,
Liverpool, London နဲ့ Manchester တို့ရဲ့ တည်နေရာ ၄၀ မှ
4G ကွန်ယက်များကို 5G ဖြင့် အဆင့်မြှင့်ခြင်းလုပ်ငန်းများကို လု
ပ်ဆောင်နေပါတယ်။
Vodafone က အားကစား ကွင်းများ၊ ရုံးခန်းများ၊ စက်ရုံများနဲ့ မ
ဆေးရုံများလို လူနေထူထပ်တဲ့ တည်နေရာများအတွက် ပစ်မှတ်
ထား လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပန်းခြံများ
လို အများပြည်သူများစွာ အပန်းဖြေတဲ့ နေရာများအတွက်လည်း
အဓိက လုပ်ဆောင်နေပါတယ်။ Vodafone က ဥရောပမှ 4G ကွ
န်ယက်များကို အဆင့်မြှင့်မယ်လို့ ပြီးခဲ့တဲ့ နှစ်များကတည်းက
ပါခဲ့ဖူးပါတယ်။
5G ကွန်ယက်များ အဆင်သင့် ဖြစ်တယ်ဆိုရင်တောင် 5G ကွန်
ယက်ကို ထောက်ပံ့တဲ့ ဖုန်းများ၊ တက်ဘလက်များ လိုအပ်ပါ
သေးတယ်။ 5G Phone များဟာ ၂၀၂၀ ခုနှစ် ၀န်းကျင်ကျမှသာ
ထွက်ပေါ်လာဖွယ်ရှိနေပါတယ်။
Source