Google ဟာ ပြီးခဲ့တဲ့ မေလတုန်းက Android P Developer Preview ကို စတင်ကြေညာခဲ့ပြီးတော့ အခုအချိန်မှာ Pixel ဖုန်းတွေက အသုံးပြုနေနိုင်ပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google တင်မဟုတ်ပဲ Sony ဖုန်းမှာလည်း Android P ကို အသုံးပြုလာနိုင်ပါပြီ။
Sony ဟာ အခုအချိန်မှာ Xperia XZ2 ဖုန်းအတွက် Android P Beta 2 ကို Update ပြုလုပ်နိုင်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပြီးတော့ ဒါက Google ကိုယ်တိုင်က Update ထုတ်ပေးပြီး ၅ ရက်အတွင်းမှာ ရရှိလာတာပဲဖြဟ်ပါတယ်။
အဲ့ဒီအတွက် အခုအချိန်မှာ Sony ဟာ Android Update တွေကို အလျှင်အမြန်ပေးနေပြီးတော့ Google ကနေ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Pixel ဖုန်းတွေကိုတောင် မှီလာပြီဖြစ်ပါတယ်။
အခု Android P Beta 2 ကို Sony Xperia XZ2 အသုံးပြုနေပြီးတော့ Beta Program ကို ဝင်ရောက်ထားတဲ့ ဘယ်သူမဆို Update ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခု Android P ဟာ Stable မဖြစ်သေးတဲ့ Beta Version ဖြစ်တဲ့အတွက် အသုံးပြုမယ်ဆိုရင် သတိထားဖို့တော့လိုအပ်မှာပဲဖြစ်ပါတယ်။
Source ®