တံခွန်တိုင်(၂)

heinzaw(42)
Published in
#life
Words
277
Reading
2 min
Listen
Play
8y

စင်စင်ပါအောင် ဆေးခိုင်းလေ၏။ မင်အိုးအဖြူရောင် ပြောင်ချောနေသော အခါ သစ်သားတံတစ်ခု ထိုးလျက်
တိုင်ထိပ်တွင် တပ်ဆင်ကြည့်ရာ နေရောင်နှင့် ဟပ်၍ တလျှပ်လျှပ် တလက်လက် ဖြစ်၍ နေလေ၏။
ရပ်ရွာထဲကလည်း ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာသုံးတန်ဖြာ၍ အပန်းတကြီး ပြုလုပ်ထားသော ဆရာကြီး၏
တံခွန်တိုင်ကို တေ့တေ့ဆိုင်ဆိုင် မကြည့်ရဲကြ၊ တစေ့တစောင်း ချောင်းမြောင်း ကြည့်ရှု ပြုံးရယ် ပြန်သွားကြလေ၏။IMG_20180610_181443.jpg
တံခွန်တိုင်ကြီးကား လက်သမားများ မအားသည့်ရက်၊ နားနေသည့်အချိန်တို့ကြောင့် ရက်ပေါင်း ၂၀ ကျော်
ကြာခဲ့လေ၏။ ဆရာကတော်ကြီးကား လက်သမားတော်များ လက်ရာမြောက်ပုံ၊ ဆရာကြီးစိတ်ကူး
အစီအမံကောင်းပုံတို့ကို ပြောင်းဖူးဖက် မီးတစ်ခြမ်းပဲ့လောင် ဆေးလိပ်ကြီးဖွားဖွားနှင့် လာသမျှ လူတိုင်းကို
ချီးမွမ်းပြောဆိုနေလေ၏။
တံခွန်တိုင်ကား လုံးဝအပြီးမသတ်သေးချေ။ တံခွန်တိုင် စိုက်ထားလျှင် ကျွန်တော် တံခွန်တိုင်ပါခင်ဗျား၊
ကျွန်တော့ကို ကြည့်ကြပါ ခင်ဗျားဟု ပြောကြားရန် ဆည်းလည်းသံလေးများ လို၍နေလေ၏။
ဆရာကြီးကား အခြားနေရာ စရိတ်ခိုသော်လည်း ဆည်းလည်းလှူဖို့ရာ၌ စရိတ်ခိုလိုဟန် မရှိချေ။ ရွာထောင်သို့
ရောက်မည်ဖြစ်သော လူကြုံသို့ ရှေးမဆွကပင် ဈေးနှုန်းမေးမြန်းလိုက်လေ၏။ ပန်းတည်းဆရာများထံမှဆရာကြီးရယ်ဟု ရိုသေသမှုပြုကာ...
"အစီရင်တော်ခံပါသည် ခင်ဗျား၊ မိန့်မှာ စုံစမ်းတော်မူသည့်အတိုင်း ဆည်းလည်းများမှာ ကြေးစင်ကြေးကောင်း၊
အသံကောင်း၊ လက်ညီအချိန် ၂၅သားစီ တစ်လုံးကို ရှေးက ရှိနှုန်းမျှ အနည်းဆုံးထား၍ ရောင်းပါသည်။ ဆရာကြီး
အလိုရှိတော်မူလျှင် ငွေကြေးရှားပါးသော ယခုခေတ်တွင် တစ်လုံး ၃ နှုန်းမှုနှင့် လက်ခံလုပ်ကိုင်ပေးရန်
အသင့်ရှိပါသည်။ တံခွန်တိုင် အနံ့ဆိုသော်လည်း စေတီစိန်ဖူးနှင့်မခြား ၄-၅ လုံးဆွဲမှ သင့်တော်မည်ဖြစ်၍ ၅
လုံးမှာကြားလျှင် သင့်တော်ပါသည် ခင်ဗျာ..……."
ဆရာကြီးနှင့် ဈေးနည်းနည်းပါးပါး ကွာနေ၏။ ဆရာကြီး စိတ်၌ ဆည်းလည်းတစ်လုံး ငါးမူးနှုန်းလောက်
ထင်မှတ်လေ၏။ သို့ကြောင့် ပန်းတည်းဆရာ၏ စာကို ဆုတ်ဖဲ့ခြေမွပစ်လိုက်ပြီးသော်.. “ဟေ့..ဘမူ လာစမ်းဟေ့၊
တစ်နေ့က စက်ပိုင်ဦးဘိုးရီဇရပ် လေတိုက်လို့ပြိုကျတယ်လို့ ကြားတယ်။ အဲဒီဇရပ်မှန်ကင်းမှာ ဆည်းလည်း၄-၅-၆လုံး
ရှိတယ်။ ဘယ်သူများသွားယူသလဲ” ဟုမေးလေ၏။Screenshot_2018-06-10-12-19-24-661_com.google.android.googlequicksearchbox.png “မသိဘူးခင်ဗျ”ဟ ဆိုလျှင်"သွား ကြည့်စမ်း” ဟု ခိုင်းသဖြင့်ဘမူသည် အပြေးပိုင်း၍ သွားလေ၏။ တပည့်တို့မည်သည် ဆရာဖြစ်သူအား မျက်နှာလိုမျက်နှာရ ပြုတတ်သည်
အတိုင်း ဘမူသည် ဆည်းလည်းများကို ကြည့်ရုံမျှမက တွေ့ရှိသော နေရာမှ လုံကွင်းကလေးနှင့် ထုပ်ကာ ထမ်း၍
ပြေးခဲ့လေ၏။"အေး..ဒါမှ ငါ့တပည့်.. သွား.. နင့်ဒေါ်ဒေါ်ဆီ ငှက်ပျောသီးတစ်လုံး တောင်းစားချေ” ဟု
ဆုလာဘ်ချလိုက်လေ၏။
မကြာမီပင် ဆည်းလည်းကလေးများမှာ ဝံသာနသရက်ဆို အရောင်တင်ဆေး ဖြစ်သော အုတ်နီမှုန့်၊
မန်ကျည်းသီးမှည့်တို့ဖြင့် ပွတ်တိုက်ကာ တံခွန်တိုင်ထီးမြှောင့် ငန်းများတွင် ဆွဲတပ် ဆင်ယင်လိုက်လေ၏။
ဆည်းလည်းများကိုလည်း တစ်လုံးစီ လက်နှင့်လှုပ်ကြည့်ကာ ဆရာကြီးမှာ များစွာပီတိကျ၍ နေလေ၏။
တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့ကား ဦးလေးမောင်၏ ကျောင်းသားကလေးများ အပျော်ဆုံးနေ့ ဖြစ်လေ၏။
ကျောင်းသားသူငယ်တို့ သဘောကား မိဘခိုင်း၍ လည်းကောင်း၊ အဖော်အပေါင်းများ၍ လည်းကောင်း ကျောင်း၌
ပျော်ခြင်းဖြစ်ရာ ကျောင်းတွင် စာမသင်ရ၊ ဆော့ချင်တိုင်းဆော့ကြရသောအခါ သာ၍ ဝမ်းသာကြလေ၏။
ဆရာကြီးသည် “ဟေ့..မောင်ပိန်ရေ၊ မယ်တင့်နှင့် မယ်ရီလည်း လာကြဟေ့ "ဟု လက်ထောက်ဆရာကလေးနှင့်
ဆရာမများ ပါစေပြီးလျှင် ခပ်ကြီးကြီး ကျောင်းသား၊ ကျောင်းသူ ၅၀ ကျော်နှင့် မနေ့မနက်က ရေစိမ်ထားသော စုန်းပြူး
ပိုးပေါက် ပဲကြားနီ တစ်တင်းခန့်ကို အခွံသင်၍ ခိုင်းနေလေ၏။ တစ်ယောက်တစ်လက်ကျောင်းသားလက် ဟူသကဲ့သို့ကျောင်းသား၊ ကျောင်းသူ ကလေးများမှာ စကားတပြောပြော ရယ်ရင်းမောရင်း အခွံသင်ကြရာ နေ့ ၁၀ နာရီခန့်တွင်
ပြီးစီးသွားလေ၏။
ဆရာကတော်ကြီးသည် စပါးတစ်ပြည်ကို ၄ နှစ်ခန့် နှစ်ဆတိုးနှင့် ချေးထားသူထံမှ အကြွေးတောင်း၍မရသဖြင့်
မြေပဲဆီ ငါးပိသာ အတင်းယူချလာသော ဆီပုံးမှ ဇရပ်က ထောင်ထားသော သံဒယ်အိုးကြီးများတွင်
လောင်းထည့်လေ၏။ လက်ဖက်တစ်ရိုးစားဖူး သူ့ကျေးဇူး ဟူသကဲ့သို့ ဒေါ်ဖီ၊ ဒွေးသီတို့မှာလည်း ဒယ်အိုးကြီးနှစ်လုံးဖြင့်
တရှဲရှဲမြည်အောင် ကြော်လှော်၍ နေကြလေ၏။ ဆရာကတော်ကြီးကား ခင်ဦးမြို့တွင် ဧည့်ခံအကောင်းဆုံး ဖြစ်လေ၏။
ဘုရားပွဲ၊ ကျောင်းပွဲများမှာ ဆရာကတော်ကြီးရယ်လို့ ကမ်းလှမ်းလိုက်သော လက်ဖက်များကို တစ်လ၊ နှစ်လ
သိမ်းထားကာ ဧည့်ခံလေရှိလေ၏။ ကျောင်းသားများ ကန်တော့သော ငှက်ပျောသီး၊ ပုရွက်ဆိတ် ထားသော
ကြက်ဥမုန့်တို့မှာ ထိုသို့ ခိုင်းစေရသူတို့အတွက် ဧည့်ခံပစ္စည်းများ ဖြစ်နေလေ၏။

တံခွန်တိုင်(၂) | Ecency