ထန်းသမားလေကြီး၏ ပထမဦးဆုံး ထူးခြားချက်နှစ်ရပ်ကို ဖော်ပြပါမူ၊
(၁) ထန်းသမားအေကြီးသည် ထန်းတက်သမားဖြစ်လျက် ထန်းရည်၊ အရက်မသောက်ခြင်း။
(၂) ရေချိုးလေ့ရှိခြင်း။
"ငါ့... ရေချိုးလို့သေတဲ့မသာ ရှိတယ်၊ ရေမချိုးလို့ သေတဲ့မသာ မရှိဘူးကွ"
သူ့အား ရေမချိုးရကောင်းလားဟု ပြောသူများအား ချေပသော လက်သုံးစကားတည်း။
"ကိုထကြီး... ခင်ဗျားကိုယ်က သွေးတွေ၊ မျှော်တွေနဲ့ စေးထန်းမနေဘူးလား၊ မအီမသာ ဖြစ်မနေဘူးလား.."
"ဟင့်အင်း.. မနေဘူးကွ၊ ငါ့ဟာငါ နေထိုင်ကောင်းနေတာပဲ။
ယင်းကား သူ့အဖို့ သိဒ္ဓိပြီးစီးခြင်းတစ်ရပ် ဖြစ်နေပေသည်။ ကျွန်ုပ်တို့မှာ ရေချိုးချင်၍(သို့မဟုတ်) ရေချိုးချိန်တန်၍ မချိုးရပါက
မည်မျှဒုက္ခရောက်ကြပါသနည်း။ ထေကြီးကား ဤဒုက္ခမှ ရာသက်ပန်ကင်းဝေးလျက် ရှိလေပြီ။
အမျက်မြင်အားဖြင့် ထေကြီးကိုယ်မှာ ချေးကွက်တွေ အထပ်ထပ် ပြီး၍ ရွံ့ဖွယ်လိလိရှိသည်။ မည်သူသည် သူနှင့်
ကိုယ်ချင်းထိတွေ့ချင်ပါအံ့နည်း။ သို့သော် သူ့မှာ အများနည်းတူ သားမယားနှင့်ဖြစ်၏။ သာမဏေန သာမဏါနေနဂေါ ဆိုဘိသို့
သူ့မယားလည်း သူ့လိုပဲ ညစ်ပတ်ပါ၏။ အဲ... ဖအေရော မအေရော ညစ်ပတ်ပြီဆိုတော့ သားသမီးများ အထူးပြောဖွယ်မရှိတော့ပြီ။
တစ်ရွာလုံးမှာ အညစ်ပတ်ဆုံးအိမ်ထောင်ကို ပြပါဆိုတော့ "ဒိရွာတင် မကပါဘူးဗျာ၊ တခြားဘယ်ရွာတွေနဲ့ ယှဉ်ယှဉ်၊ ထေကြီးတို့အိမ်က
ပထမတန်း ထိပ်တင်ပါပဲ”ဟု ဖြေရမည်သာ။
သူတို့အိမ် ညစ်ပတ်သည်မှာ လူတွေသာမက အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ အဝတ်အစား အနေအထား၊ ရေကပြင်၊ မီးဖိုချောင်၊
သားသမီးတွေ ဆိုလျှင် အစဉ်သဖြင့် လက်တွင်းနှင့် ရက်လံရံ ဝတ်ဆင်သည်များလည်း အလသင်ပတ်၏။
ပန်းကန်ခွက်ယောက်ကအစ ညစ်ပတ်ကြ၏။ထေကြီးသားသမီးတွေဆိုလျှင် အစဉ်သဖြင့် ချေးလက်လေးသပ်နှင့် အရှက်လုံရုံ ဝတ်ဆင်သည်များလည်း အလွန်ညစ်ပတ်၏။
ထေကြီးမိန်းမဆိုလျှင် အကျိတ်သည်ကို အလွန်မြင်ရခဲ၏။ အစဉ်သဖြင့် ထမီရင်လျားနှင့်သာ ဒူးပေါ်ရင်ဘတ်ပေါ် နေလေ့ရှိ၏။ သည်တော့
မိန်းမတစ်ယောက်၊ အသက် ၃၀ မကျော်သေးသော မိန်းမတစ်ယောက်၊ သည်လိုခြေသလုံးပေါ် ပခုံးပေါ် မနေသင့်ပါဘူးဟု မထင်ကြပါလင့်။
သူ့တစ်ကိုယ်လုံးတွင်ရှိသော ချေးညှော်များက အန္တရာယ်ကို ကာကွယ်ထားပါ၏။ သူ့ကိုယ်သည် သည်ထက်ပို၍ ပေါ်ပေဦးတော့ နဘယံဖြစ်ပါ၏။
ယင်း၌ သူတို့အိမ်သားဆင်းရဲလို့လားဟု မေးဖွယ်ရှိ၏။ မူလက မျိုးရိုးအားဖြင့် မွဲတေလှသည်မှန်သော်လည်း ထေကြီး ဤရွာရောက်၍
ထန်းတက်ရကတည်းက တစ်စတစ်စနှင့် တစ်နေ့တခြား ငွေကြေးများစုဆောင်းမိ၍ နေပါပြီ။
ထေကြီး ပထမဦးဆုံးနှစ် ထန်း စတက်စဉ်က ခြံလယ်စပ်တစ်ခုမှာ ထန်းရွက်တဲထိုး၍ ထန်းရည်နှင့် နေခဲ့သည်။ မိုးဦးကျသော်
ထိုထန်းရည်ကဲဖျက်ပစ်၍ မူလအိမ်မှာ သူရင်းငှားဝင်လုပ်လိုက်သည်။ လယ်ပြီး မိုးနှောင်းရောက်သောအခါ၌ ကျီဝင်ဆက်မလုပ်တော့ဘဲ
ထန်းရည်ဘဲပြန်ဆောက်ပြီး ထန်းရည်အလုပ်သာ တိုးချဲ့လုပ်တော့သည်။ ထိုနှစ်မှာ သူသည် တစ်မိုးတွင်းလုံး ထန်းရည်ရသည့် `သီးရင့်'ပင်တွေ
များများကိုင်၍ မိုးဦးကျသော် သူရင်းငှားပြန်မလုပ်တော့ဘဲ နှစ်လုံးပေါက် ထန်းတက်ရသောအလုပ်ကိုသာ လုပ်တော့သည်။
သို့ဖြင့် တတိယမြောက်နှစ်မှာ ရွာထဲတစ်နေရာတွင် ၅၀၀ ကျပ် ပေးရသော ခြံနှင့် အိမ်လေးတစ်လုံးကို ဝယ်လိုက်နိုင်လေသည်။
ဤသို့ အိမ်နှင့်ခြံန့်ဖြစ်သွားသောအခါ ထေကြီးသည် သူ့ဇာတိရွာမှ သားမယားကိုပြန်ခေါ်လေ၏။ ရေမချိုးသော ထေကြီးမယား
ရောက်လာပြီး ကြားရသောအခါ "ဒီလို ညစ်ပတ်တဲ့ကောင်ကြီးများ ဘယ်လိုမိန်းမက ယူပါလိမ့်.."ဟု သွားရောက်ကြည့်ကြသည်၌
ရွာသူရွာသားများသည် သူတို့လင်မယားအား “အောင်မယ်လေး.. နေနဲ့လ ရွှေနဲ့မြပါပဲ..."ဟု ပြုံးကာမဲ့ကာ ချီးမွမ်းသြဘာ ပြုကြကုန်လေ၏။
အကြောင်းမှာ ညစ်ပတ်ပုံချင်း တူညီလှချေစွတကား..