Samsung ကနေ အခုမကြာမီအချိန်မှာ Galaxy A Series စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Galaxy A9 Star နဲ့ A8 Star စမတ်ဖုန်းတွေကို ကြေညာသွားတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အခုဆိုရင် Samsung Galaxy A9 Star ရဲ့ Hands-on Video တောင်ထွက်ပေါ်နေပြီပဲဖြစ်ပါတယ်။
TENAA ရဲ့ သတင်းအရတော့ အခု Samsung Galaxy A9 Star စမတ်ဖုန်းဟာ 6.28″ AMOLED Display ကို အသုံးပြုထားပြီးတော့ Full HD+ Resolution ရှိမှာဖြစ်ပါတယ်။
Camera ပိုင်းအနေနဲ့တော့ 24MP + 16MP Back Camera နဲ့အတူ 24MP Front Selfie Camera လည်းပါဝင်လာမယ်လို့ သိရပါတယ်။ Exynos Processor ကို အသုံးပြုထားပြီးတော့ RAM 4GB နဲ့ Storage 64GB ပါဝင်မှာပဲဖြစ်ပါတယ်။
Battery အနေနဲ့ကတော့ 3700mAh Battery ပါဝင်တဲ့အတွက်မဆိုးဘူးလို့ ပြောရမှာပါ။
ဒါပေမယ့် အခု Samsung Galaxy A9 Star ဟာ ပထမဆုံးအနေနဲ့ Samsung ဖုန်းတွေထဲမှာ Apple iPhone X လိုမျိုး ဘယ်ဘက်ထောင့်မှာ ဒေါင်လိုက်ကင်မရာစနစ်ကို အသုံးပြုလာမယ့် ဖုန်းဖြစ်ပါတယ်။
Source