S9 Real Gold Edition

Words
93
Reading
1 min
Listen
Play
8y

Samsung က ထုတ်လုပ်ထားတဲ့ Galaxy S9 စမတ်ဖုန်းက လက်ရှိအချိန်မှာ ဈေးနှုန်းအရ ဒေါ်လာ ၁၀၀၀ ဝန်းကျင်ပဲရှိတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Samsung Galaxy S9 ကို သာမန်ထက် ၃ ဆလောက်ဈေးပိုပေးပြီးတော့ ဝယ်ယူရမှာဖြစ်ပါတယ်။IMG_20180624_060902.jpg

အခုထွက်လာတဲ့ Samsung Galaxy S9 စမတ်ဖုန်းကတော့ UK ရဲ့ Customizing Brand တစ်ခုဖြစ်တဲ့ Truly Exquisite နဲ့ ပူးပေါင်းပြီးတော့ ထုတ်ထားတာဖြစ်ပြီးတော့ လက်ရှိ Samsung Galaxy S9 နဲ့ S9 Plus ဖုန်းတွေကို Gold နဲ့ Platinum တွေနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Samsung Galaxy S9 ကို 23K Gold ၊ 18K Gold ဒါမှမဟုတ် Platinum Coated Version တွေနဲ့ စိတ်ကြိုက်ရွေးချယ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။IMG_20180624_060912.jpg

အခုလိုမျိုး Luxury ဖြစ်အောင် ပြင်ဆင်ထားတဲ့ Samsung Galaxy S9 နဲ့ S9 Plus စမတ်ဖုန်းတွေက သာမန် Galaxy S9 ဖုန်းတွေနဲ့ ဈေးက ၃ ၊ ၄ ဆ ပိုပြီး ဈေးကြီးတယ်ဆိုပေမယ့် တကယ့်ကို အကောင်းစားဖုန်းတစ်ခုဖြစ်တယ်ဆိုတာ သိသာနေမှာပါ။
source

S9 Real Gold Edition | Ecency