Redmi 6 Pro ရဲ့ မိတ်ဆက်ပွဲစဖို့ ရက်အနည်းငယ်သာလိုပါတော့
တယ်။ သူ့ရဲ့ ပုံသဏ္ဍာန်နဲ့ Specs အများစုကိုမြင်တွေ့ခဲ့ပြီးပါပြီ။
Xiaomi ကဓာတ်ပုံများကိုယခုတရားဝင်ပြသလိုက်ပါတယ်။ သူ့ရဲ့
တရားဝင် Weibo စာမျက်နှာမှာ Xiaomi ကမျှထားတဲ့ ရောင်
စုံဓာတ်ပုံများက ဒီဇိုင်းနဲ့ပတ်သက်ပြီးပိုမိုသိလာရပါတယ်။ အဲ့ဒီဓါ
တ်ပုံများက ရှုထောင့်မျိုးစုံကနေဖုန်းကိုပြသထားပါတယ်။ အဲ့ဒီဓာ
တ်ပုံများက Notch ပါ၀င်လာကြောင်းသေချာစေပါတယ်။
သူ့မှာကြီးမားတဲ့ 5.84 Inch မျက်နှာပြင် နှင့် ခေတ်စားနေတဲ့
19:9 Aspect Ratio ပါဝင်တဲ့အတွက် သူဟာ Redmi 5 ထက်
သာလွန်တဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ ဒါဟာ ဟိုးယခင်ကပေါ
က်ကြားခဲ့တဲ့ TENAA ရဲ့ စာရင်းအတိုင်းဖြစ်ပါတယ်။ ဓာတ်ပုံများ
ကိုကြည့်ခြင်းအားဖြင့် Micro USB Port နဲ့အားသွင်းရမှာ ဖြစ်ပြီး
အနောက်ဖက်ကို Aluminum နဲ့ပြုလုပ်ထားမယ်လို့ယူဆရပါတ
S.
မနေ့ကလည်း ကုမ္ပဏီရဲ့ တရားဝင် Weibo အကောင့်ကနေပြီး
တော့ Redmi 6 Pro ကိုတရားဝင်မိတ်ဆက်မယ့် ရက်ကိုကြေညာ
လိုက်ပါပြီ။ Xiaomi ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ Redmi 5 Pro ကို
ယခုလ ၂၅ရက်နေ့မှာ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။
ပါဝါစွမ်းအားပိုင်းအတွက် Snapdragon 625 chip ကိုသုံးထားပြီး
ဗားရှင်း၃မျိုးနဲ့ ထွက်ရှိလာမှာပါ။ RAM နဲ့ storage ပိုင်းမှာ ရွေးချ
ယ်နိုင်မှာဖြစ်ပြီး 2GB RAM+16GB storage ၊ 3GB
RAM+32GB storage နဲ့ 4GB RAM+64GB ဆိုပြီးခွဲခြားထားပါ
တယ်။ Redmi 5 Pro ရဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ နောက်
ကျောဘက်မှာ 12MP + 5MP ကင်မရာ၂လုံးတပ်ဆင်ထားမှာဖြစ်
ပြီး အရှေ့ဘက်မှာတော့ 5MP ကိုသာတပ်ဆင်ပေးထားပါတယ်။
ဘက်ထရီစွမ်းအားကိုတော့ စွမ်းအားပြည့် 3,900mAh နဲ့ဖြစ်ပြီး
Android 8.1 Oreo သုံးလာမှာပါ။ ဈေးနှုန်းတော့ ထွက်ရှိလာခဲ့
င်း မရှိသေးပေမယ့် Helio P22 chispet သုံးထားတဲ့ Redmi 6
ထက်ဈေးကြီးနိုင်ပါတယ်။ သူ့မှာ AI လုပ်ဆောင်ချက်တွေ သုံး
စွဲနိုင်မှာဖြစ်ပြီး Redmi 6 Pro ဟာ Redmi စီးရီးဖုန်းတွေထဲမှာ
တော့ ပထမဆုံးထိပ်ဘက်မှာ Notch ပါဝင်တဲ့ ဖုန်းဖြစ်လာမှာပါ။ 6
Pro ကို Mi Pad 4 တစ်ရက်ထဲ မိတ်ဆက်မှာဖြစ်ပါတယ်။
Source