Redmi6 pro

heinzaw(42)
Published in
#mi
Words
149
Reading
1 min
Listen
Play
8y

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အနေနဲ့ ယခုလ ၁၂ရ
က်နေ့ က Redmi 6 နဲ့ Redmi 5A စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့
ပါတယ်။ Redmi 6 ဖုန်းတွေရဲ့ ပရိုဗားရှင်းဖုန်းကိုတော့ ထုတ်
ဖော်ပြသခဲ့ခြင်းမရှိပါဘူး။ အခုတော့ ကုမ္ပဏီရဲ့ တရားဝင် Weibo
အကောင့်ကနေပြီးတော့ Redmi 5 Pro ကိုတရားဝင်မိတ်ဆက်မ
ယ့် ရက်ကိုကြေညာလိုက်ပါပြီ။ Xiaomi ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့
Redmi 5 Pro ကိုယခုလ ၂၅ရက်နေ့မှာ မိတ်ဆက်ပေးတော့မှာဖြ
စ်ပါတယ်။ notch မပါဝင်တဲ့ စမတ်ဖုန်းရဲ့ အချက်အလက်တွေ
ဟာ TENAA ရဲ့ ခွင့်ပြုချက် ရရှိထားပြီဖြစ်ပါတယ်။
IMG_20180620_124419.jpg
Redmi 6 Pro ဟာအလယ်အလတ်ဆင့် စမတ်ဖုန်းဖြစ်ပြီး 5.45
လက်မ Full-HD+ နဲ့အတူ 19:9 aspect ratio နဲ့လာမှာဖြစ်ပါတ
ယ်။ ပါဝါစွမ်းအားပိုင်းအတွက် Snapdragon 625 chip ကိုသုံး
ထားပြီး ဗားရှင်း၃မျိုးနဲ့ ထွက်ရှိလာမှာပါ။ RAM နဲ့ storage ပိုင်း
မှာ ရွေးချယ်နိုင်မှာဖြစ်ပြီး 2GB RAM+16GB storage ၊ 3GB
RAM+32GB storage နဲ့ 4GB RAM+64GB ဆိုပြီးခွဲခြားထားပါ
တယ်။ Redmi 6 Pro ရဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ နောက်
ကျောဘက်မှာ 12MP + 5MP ကင်မရာ၂လုံးတပ်ဆင်ထားမှာဖြစ်
ပီး အရှေ့ဘက်မှာတော့ 5MP ကိုသာတပ်ဆင်ပေးထားပါတယ်။IMG_20180618_080202.jpg

ဘက်ထရီစွမ်းအားကိုတော့ စွမ်းအားပြည့် 3,900mAh နဲ့ဖြစ်ပြီး
Android 8.1 Oreo သုံးလာမှာပါ။ ဈေးနှုန်းတော့ ထွက်ရှိလာ
င်း မရှိသေးပေမယ့် Helio P22 chispet သုံးထားတဲ့ Redmi 6
ထက်ဈေးကြီးနိုင်ပါတယ်။ သူ့မှာ AI လုပ်ဆောင်ချက်တွေ သုံး
စွဲနိုင်မှာဖြစ်ပြီး Redmi 6 Pro ဟာ Redmi စီးရီးဖုန်းတွေထဲမှာ
တော့ ပထမဆုံးထိပ်ဘက်မှာ Notch ပါဝင်တဲ့ ဖုန်းဖြစ်လာမှာပါ။
6 Pro ကို MI Pad 4 တစ်ရက်ထဲ မိတ်ဆက်မှာဖြစ်ပါတယ်။source

Redmi6 pro | Ecency