Redmi

Words
106
Reading
1 min
Listen
Play
8y

Xiaomi ကနေ အလန်းစားစမတ်ဖုန်းတွေဖြစ်တဲ့ Mi 8 စမတ်ဖုန်းတွေကို ထုတ်လုပ်တွေထုတ်လုပ်ပြီးတဲ့အချိန်မှာ ဈေးနှုန်းသက်သာတဲ့ Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းတွေကိုပါ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။IMG_20180607_062309.jpg
Xiaomi Redmi 6 စမတ်ဖုန်းက 5.45″ HD+ IPS Display ကို အသုံးပြုထားပြီးတော့ MediaTek ရဲ့ Processor အသစ်ဖြစ်တဲ့ Helio P22 Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါ Processor ဟာ 2Ghz Octa Core အမျိုးအစားဖြစ်ပြီးတော့ 12nm Architecture ကို အသုံးပြုထားတဲ့အတွက် ပါဝါစားလည်း သက်သာမှာဖြစ်ပါတယ်။ RAM 3GB + ROM 32GB ဒါမှမဟုတ် RAM 4GB + ROM 64GB ဆိုပြီးလည်း ရွေးချယ်နိုင်မှာပါ။
Redmi 6 စမတ်ဖုန်းဟာ Dual Back Camera ကို အသုံးပြုထားတာဖြစ်ပြီးတော 12MP + 5MP Camera တွေတပ်ဆင်ထားတာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 5MP Camera ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 3000mAh Battery ပါဝင်လာမှာပါ။Redmi 6 စမတ်ဖုန်းမှာ AI ပါဝင်တဲ့ Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီေးတာ့ ဖုန်းကို ကိုင်လိုက်တာနဲ့ ချက်ချင်း Unlock ပြုလုပ်ပေးနိုင်မှာပါ။Redmi 6 စမတ်ဖုန်းအပြင် ဈေးပိုသက်သာတဲ့ Redmi 6A စမတ်ဖုန်းကိုလည်း Xiaomi က မိတ်ဆက်သွားခဲ့ပါသေးတယ်။Screenshot_2018-06-03-21-54-24-833_com.facebook.katana.png

Redmi | Ecency