This content got low rating by people.

Huawei Y6 Prime

heinzaw(42)
Published in
#huawei
Words
235
Reading
2 min
8y
Listen to this post
~2 min

ကျစ်လစ်ပြီး သေသပ်လှပတဲ့ ဒီဇိုင်း၊ တီထွင်ဆန်းသစ်တဲ့ အသံပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ပါဝင်တဲ့ Huawei Y Series စမတ်ဖုန်းမော်ဒယ်ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Huawei Y6 Prime 2018 စမတ်ဖုန်း ကို ချိုသာတဲ့ ဈေးနှုန်း နဲ့အတူ Huawei Device Myanmar မှ ဒီနေ့မှာ မိတ်ဆက် ပေးလိုက်ပြီ ဖြစ်ပါတယ်။IMG_20180629_062510.jpg

Huawei Y6 Prime မှာ ၅.၇ လက်မ အရွယ်အစားရှိ HD+ (1440 x 720) Full View Display ကို အသုံးပြုထားပါတယ်။ ကြီးမားကျယ်ပြန်တဲ့ Display မှာ ကောင်းမွန်တဲ့ Resolution လေးနဲ့ ရုပ်ရှင်ကား ကောင်းကောင်းလေးတွေ ကြည့်ချင်သူတွေ အတွက်တော့ Huawei Y6 Prime က ရွေးချယ်သင့်တဲ့ စမတ်ဖုန်းလေး တစ်လုံးပဲ ဖြစ်ပါတယ်။

Huawei Y6 Prime 2018 မှာ အဓိက ကောင်းမွန်တဲ့ အချက်ကို ပြောရမယ် ဆိုရင် အသံ စနစ်ပိုင်း ကို ပြောရမှာပါ။ Wifi ကနေတစ်ဆင့် ဖုန်းငါးလုံးအထိ ချိတ်ဆက်ပြီး တစ်ပြိုင်နက်ထဲ သီချင်းဖွင့် နားဆင်နိုင်မယ့် Group Music၊ ရုပ်ရှင် နဲ့ ဗွီဒီယိုတွေ ကြည့်ရှုတဲ့ အခါမှာပဲ ဖြစ်ဖြစ် သီးချင်းနားထောင်နေတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် အချိန်အခါ အမျိုးမျိုးနဲ့ လိုက်ဖက်ညီတဲ့ အသံ လုပ်ဆောင်ချက် အမျိုးမျိုးကို ဖန်တီးပေးနိုင်တဲ့ Huawei Histen နည်းပညာ စတဲ့ Feature တွေ Huawei Y6 Prime 2018 မှာ ပါဝင်ပါတယ်။IMG_20180629_062520.jpg

စပီကာ အတွက်ကို ၈၈ ဒက်ဆီဘယ်အထိ ကျယ်လောင်တဲ့ အသံထုတ်လွှင့်ပေးနိုင်တဲ့ စပီကာတွေကို အသုံးပြုပေးထားပါတယ်။ တချို့ဖုန်းတွေမှာ ဖြစ်သလို အသံကျယ်လာတဲ့နဲ့ အမျှ စပီကာ အသံအက်တာမျိုးတွေ မဖြစ်အောင်လည်း Huawei Y6 Prime 2018 က ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် Karaoke Mode လည်း ပါဝင်တာကြောင့် မိမိ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို စတူဒီယိုထဲမှာ ဆိုနေရသလို အားရပါးရ သီဆိုနိုင်မှာ အမှန်ပါပဲ။

ကင်မရာပိုင်းမှာတော့ Rear Camera အတွက် 13MP f/2.2 Sensor နဲ့အတူ LED Flash ကို တွဲဖက် အသုံးပြု ပေးထားပါတယ်။ Rear Camera မှာ Geo-Tagging, Touch Foucs, Face Detection, HDR, Panorama စတဲ့ Features တွေ ပါဝင်တာကြောင့် လှပတဲ့ ပုံရိုက်လေးတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Rear Camera ကို အသုံးပြုပြီး 1080p ဗွီဒီယိုတွေကိုလည်း 30 fps နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Selfie ပိုင်း အတွက်ကိုတော့ 8MP f/2.0 Sensor ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Selfie Toning Flash ပါဝင်တာကြောင့် မျက်နှာပေါ်မှာ ကျရောက်နေတဲ့ အလင်းအမှောင်ကို ချိန်ညှိပြီး လှပတဲ့ Selfie ဓါတ်ပုံလေးတွေ ကို ရိုက်ကူးနိုင်မှာ အမှန်ပါပဲ။ Manual Adjustment နဲ့ အလင်း အမှောင်တွေကို မိမိစိတ်ကြိုက် ချိန်ညှိ ရိုက်ကူးနိုင်မှာ ဖြစ်တဲ့အပြင် AR Lens Mode ပါဝင်တာကြောင့် ချစ်စရာ စတစ်ကားလေးတွေနဲ့ Selfie ပုံလေးတွေ ရိုက်ကူးနိုင်အုံးမှာ ဖြစ်ပါတယ်။

Huawei Y6 Prime | Ecency