ကွမ်းစားခြင်း၊ လက်ဖက်ခြင်း ကူညီရွှေ့ပြောင်းပေးခြင်းတို့ဖြင့် အချိန်ကြာကြာနေလေ့ ရှိလေ၏။ သီလှသည်ကား
နှုတ်သီးတစူစူဖြင့်- “မမကြောင့် ခက်တာပဲ၊ ဒီလူ ဒီမှာလာနေတာ တော်တော်ကြာ သူများကဲ့ရဲ့ တော့မှာပဲ။
ခက်တာပဲ”ဟု ညည်းတွားလေလျှင်- “ဟေ့..ဘယ်သူက ဘာပြောဝံ့မှာလဲ၊ ကိုယ်ကောင်း ခေါင်းဘယ်မှမရွေ့ဘူး။
မြကြီးတဲ့ ပြောကြစမ်းပါစေလား။ သူ့ဘာသာသူ လာတာ ဘာဖြစ်သေးလဲ"ဟု မာန်မဲပြောဆိုကာ
ညီအစ်မနှစ်ယောက်မှာ စကားများစပြုလာလေ၏။
ဒေါ်ထွေးမှာ လက်ဖက်၊ သနပ်ဖက်တို့အတွက် ကျောက်မဲနှင့် ညောင်ရွှေ စသည်တို့သို့ ကိုယ်တိုင် ၁ဝ ရက်၊ ၁၅
ရက်ကြာသွားလေ့ရှိလေ၏။ ဒေါ်ထွေး တခြားမြို့ထွက်သွားသောအချိန်၌ ဒေါ်ဝနှင့် ညီအစ်မနှစ်ယောက်သာ
ကျန်ရစ်ခဲ့ရာ သူတို့မှာ များစွာ ချောင်ချိလေ၏။ သန်းစိန်နှင့်လည်း အတော်ကျွမ်းဝင်သောကြောင့် ညအတော်
ညဉ့်နက်သည့်တိုင်အောင် သူတို့ တိုက်ပေါ်တွင် စကားပြောဆိုလေ့ ရှိကြလေ၏။ မြို့ကလေးများ၌ကား
ဤသို့အပြုအမူတို့ကို များစွာကဲ့ရဲ့ တတ်ကြ၊ လူသိလွယ်ကြလေ၏။ မြို့ကြီးများ၌ကား ဂရုမစိုက်ကြချေ။ တစ်ခါတစ်ရံ
သီလှ အိပ်ပျော်နေသဖြင့် မြကြီးနှင့် စကားပြောကြ၏။ သန်းစိန်မှာ ညီအစ်မ နှစ်ယောက်ကြားတွင် ဗျာများနေလေ၏။သီလှသည် သန်းစိန်အား သူတို့တိုက်သို့ အဟုတ်မလာစေချင်သော စိတ်မရှိကြောင်း ထိုနောက်မှ သိရှိရလေ၏။
ထိုအခါတွင် ညီအစ်မနှစ်ဦးတစ်ဦးကို တစ်ဦး အတွင်းကြိတ် ငြူစူစိတ်ကလေးများ ပေါ်လာကြလေ၏။
တစ်ညသ၌ကား ခါတိုင်းလိုပင် သန်းစိန်သည် ရနာရီ အချိန်ခန့်တွင် ရောက်ရှိလာလေ၏။
ညီအစ်မနှစ်ယောက်နှင့် ဖတ်ဖူးသောမဂ္ဂဇင်းထဲက ဝတ္ထုအကြောင်း ပြသွားသော ရုပ်ရှင်ဇာတ်လမ်းတို့ကို အပြန်အလှန်
ပြောဆိုလျက်ရှိကြလေ၏။ မြကြီးမှာ သူများကဲ့သို့ ကြာရှည်စွာ မထိုင်နိုင်သဖြင့် ဥတုမာတကံ ဖူးဖူးရောင်သော
ရုပ်ကောင်ပမာ သင်ဖြူးပေါ်မှာ အားလျားမှောက်လျက် နားထောင်နေလေ၏။ နားထောင်ရာမှ မျက်ခုံးများ
လေးပြီးလျှင် အိပ်ပျော်သွားလေ၏။ ၎င်းပါးစပ်မှ တခေါခေါနဲ့ ဟောက်၍နေလေ၏။ သီလှက သန်းစိန်အား
"ကိုသန်းစိန် ဒီပန်းမျိုးကို ဆွဲပေးစမ်းပါ”ဟု ပန်းစာအုပ် လှမ်းပေးလိုက်သဖြင့် ကြည့်ရှုရာ..။
“ကိုသန်းစိန်..ရှင်က.ညီအစ်မ နှစ်ယောက်ကြား ခွတုတ် လုပ်နေတာလား။ အစ်မကြီးတော့ ချမ်းသာပေးရှင်။
ကျွန်မကိုချစ်ရင် ကိစ္စမြန်မြန်ပြီးစေချင်ပါတယ်”ဟု ခဲတံနှင့်ရေးပေးထားသော စာကို တွေ့ရသဖြင့် ဖောင်တိန်ကို
နုတ်ကာ"သည်လောက် အထင်မသေးပါနှင့်(လှ)ရယ်။
ချော့ပေါင်းနေတာပါ။ ဒီဝတုတ်ပြဲကြီးကို မောင် လုံးဝ စိတ်က မပြစ်မှားသည် မှန်ပါ၏” ဟု ရေးပေးလိုက်ရာ..။
“ရှင်ပြောရင်လည်း ယုံရမှာပေါ့။ နေတာက ရောလွန်းလို့ပါ" "ဒါထက်တောင် ရောရပါဦးမယ်၊ လှကသာအထင်မလွဲပါနဲ့။ သူ့စိတ် သန်းအပေါ် ညွတ်တဲ့တစ်နေ့ ဟန်ကျတာပဲ”ဟု အပြန်အလှန် ရေးသားကြပြီးနောက်
သန်းစိန်သည် သီလှ၏လက်ကလေးကို ဖမ်းကိုင်လိုက်လေ၏။ သီလှသည် လက်ကို ရုန်းရင်း အခြားတစ်ဖက်က
မြကြီးအား လက်ညှိုးထိုးလျက် မတော်ပါဘူး ဟူသော လက္ခဏာဖြင့် လက်ဝါးယမ်း၍ပြလေ၏။
သို့ရာတွင်မျက်နှာချင်းကား နီးသည်ထက်နီးသွားစဉ်၊ "ငါ သိတယ်၊ ငါ သိတယ်”ဟု မြကြီးက အော်လိုက်သဖြင့်
နှစ်ဦးစလုံးလန့်ပြီး လွှတ်လိုက်ကာ ခပ်ခွာခွာ နေကြလေ၏။
မြကြီးကား အသက်ရှူပြင်းပြင်းနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့ရသောအခါ နှစ်ယောက်စလုံး
ရယ်မောကြရလေ၏။
ဆယ်နာရီ ကျော်သောအခါ မြကြီးနိုးလာလေ၏။ သီလှသည် ရုတ်ခန် ဇာထိုးအပ်ကို ခဲတံအမှတ်နှင့်
ပန်းရေးနေလေ၏။ သန်းစိန်မှာ သီလှ၏ ဆံထိုးကို အင်္ကျီအတွင်း အယားဖျောက်သလိုနှင့် ထည့်လိုက်လေ၏။ဝါးခနဲ ဟားခနဲ သမ်းဝေပြီးနေသော မြေကြီးသည်"မောင်သန်း ဘယ်နှစ်နာရီ ရှိပလဲ”ဟု မေးလေ၏။ ညီမနှင့်
သန်းစိန်အား မသင်္ကာသော မျက်လုံးများဖြင့် လျင်မြန်စွာ ကြည့်လိုက်လေ၏။
သွားဦးမှပဲ”ဟုနှုတ်ဆက်ကာ ထလေ၏။ မြကြီးသည် လက်နှိပ်ဓာတ်မီးဖြင့်တိုက်အောက်တံခါးကို လိုက်ဖွင့်ပေးမည်ဟု
နောက်ကလိုက်သွားရာ လှေကားအဆင်း အိပ်ချင်မူးတူးနှင့် ခြေချော်ကာ လဲကျသွားလေ၏။
သန်းစိန်ရှေ့က ခံနေသဖြင့် လိမ့်ဆင်းလာသော ကိုယ်ကြီးနှင့် သန်းစိန် လုံးထွေးလျက် လှေကား အောက်သို့
ရောက်သည့်တိုင်အောင် လိမ့်သွားကြလေ၏။ သီလှသည်လည်းအပေါ်မှ “ဘာတုံးမမ၊ ဘာတုံး”
ဟုပြေးဆင်းလာလေ၏။ အောက်တစ်ထပ်တွင် အိပ်ပျော်နေသော ဒေါ်ဝသည်လည်း သူခိုးကပ်ပြီ အထင်နှင့် ပီအောင်
မအော်နိုင်ဘဲ“ဝူး ဝူး"ဟု အော်ပြန်သဖြင့်သီလှက“ဒေါ်ဝ ဒေါ်ဝ သူခိုးမဟုတ်ဘူး” ဆိုမှ သူ့အနီး
မီးမှိန်ထားသောမှန်အိမ်ကို မီးစာမြှင့်ပြီး ထခဲ့လေ၏။ မြကြီးနှင့် သန်းစိန်ကား တော်တော်နှင့် မထနိုင်ချေ။ သန်းစိန်မှာ
မြကြီး၏ ကိုယ်လုံးနှင့် ဖိမိပြီး အောက်သမံသလင်းနှင့် ဆောင့်မိသောကြောင့် တံတောင်ဆစ်နှင့် နဖူးမှာ
အတော်နာကျင် သွားလေ၏။ သီလှကား”ဖြစ်မှဖြစ်ရပလေတယ် မမရယ်”ဟု ရယ်မောလေ၏။ မြကြီးသည်
တိုက်လှေကားတိုင်ကို ရှုံ့မဲ့ကိုင်ကာ ထရင်း-“ညည်းက..တော်တော်ရယ်ပါ။ သူများနာရတဲ့အထဲ" ဟု ပြောကာ
သန်းစိန်အား တံခါးမင်းတုန်း ဖြုတ်ပြီး ဖွင့်ပေးလိုက်လေ၏။
ထခဲ့လေ၏။ မြေကြီးနှင့် တင့်မိသောကြောင့် တံမြကြီးသည်