ပိန်ဆေး(၂)

heinzaw(42)
Published in
#life
Words
230
Reading
2 min
Listen
Play
8y

ရှိသည်ဟု ရစ်သီရစ်သီ လုပ်တတ်သူတို့အားလည်း“အမယ် မတော်လို့ပါ မောင်ရယ်”ဟု ကွမ်းသီးဗန်း
အလယ်ကခံသော တုတ်တံနှင့် ပစ်လိုပစ်၊ လက်ဖက်၊ ချင်းအခွံနှင့် ပေါက်လိုပေါက်သဖြင့် တစ်ယောက်မျှ
မကပ်ဝံ့ကြတော့ချေ။
IMG_20180611_220343.jpg
သီလှကား မမမြ၊ မမမြနှင့် တစ်ယောက်ကို ညာတာဝါတ လုပ်ပြီးလျှင် သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်း၍
နေသူ ဖြစ်လေ၏။ သူ၏အစ်မကို ချစ်လည်းချစ်၊ ကြောက်လည်းကြောက်၊နွဲ့ဆိုးလည်းဆိုးလှလေ၏။
တစ်ခုမှတ်ဖွယ်ကား ဝမ်းကွဲညီအစ်မဟု ဆိုရစေကာ ညီအစ်မအရင်းမက ချစ်ခင်ကြလျက်၊ တစ်ယောက်ကို
တစ်ယောက် အဝတ်အစားနှင့် သော်လည်းကောင်း၊ အိမ်သူအိမ်ရေးနှင့်သော်လည်းကောင်း စကားမများဖူးကြချေ။

တစ်ဦးကို တစ်ဦး များစွာ ငဲ့ညှာကြလေ၏။ မြကြီးမှာ သူ၏ညီမကို နာမည် နင့်နင့်သီးသီး မခေါ်။ လှလှ၊ လှလှဟု
ခေါ်ကာ များစွာယုယလေ၏။ သီလှမှာ အတော်ချောမောလှပသော မိန်းကလေးတစ်ဦး ဖြစ်သည်ကား မှန်၏။
သို့ရာတွင် မြကြီး၏ နှုတ်ဖျား၌ နတ်သမီးထက်မက လှပ၍ လောကတွင် သူ့ညီမနှင့် တန်သာသူ
မမွေးသေးဟုပင် ပြောဆိုလေ့ရှိသောကြောင့် အခြားသူက မပြောရ။ အဒေါ် ဒေါ်ထွေးကပင်လျှင် "ဒါဖြင့်အေ
ညည်းညီမနဲ့တန်တာ ဒီနေ့မွေးပြီဆိုပါတော့။ ညည်းညီမမှာ အပျိုကြီးမားမား ဖြစ်မှ လင်ငယ်ငယ်ကလေးရတော့မှာပေါ့”ဟု ပြောင်လှောင်ရယ်မော ပြောဆိုရလေ၏။
ဈေးချိုတော်(အေ-ရုံ)၊ အနောက်မြောက်ထောင့်၊ ဒို့ဗမာဟိုတယ်တွင် သူငယ်ချင်း ၃-၄ ယောက်တို့သည်
လက်ဖက်ရည်သောက်ရင်း စကားပြော နေကြလေ၏။ တစ်ယောက်က-"ဟေ့..သန်းစိန် မင်း ပဲပုပ်တန်းက စမူကလေး
ပိုးနေတာ ဟန်ကျရဲ့လား "ဟု မေးလေ၏။ “ဟန်တော့ကျ လုပါပြီဗျာ..။ ဖက်တီးကြီးကြောင့် ခက်နေတယ်။IMG_20180611_220334.jpg
စမူကလေးကတော့ ပြိုနေတဲ့လက္ခဏာပြ၊ ကျွန်တော် ခြွေရင် ကြွေလိမ့်မယ်လို့ ထင်နေတာပဲဗျ”
“အေး..ဖက်တီးမကြီးက အာကြမ်း၊ လျှာကြမ်း၊ စိတ်ကြမ်း၊ ကိုယ်ကြမ်း မောင် သတိထား၊ ဒေါက်နဲ့
ဟတ်လွှတ်မှဖြင့် တစ်နေ့နေ့ အက်လာလိမ့်မယ်” “တစ်နေ့ကပေါ့ဗျာ..ကျွန်တော် သူတို့တိုက်နား ဖြတ်သွားတော့
တမင်သက်သက် လက်ဖက်အခွံကြီးနဲ့ ပစ်လိုက်တာ။ ကျွန်တော်ကလည်း စမူရှိလားလို့ ငါ့အကြည့်လိုက် ခေါင်းကို
စွပ်နေတာပေါ့။ ရှက်လိုက်တာဗျာ၊ အမယ်သူက လာလည်း လာချည်သေး၊ ငါ့မောင်..ဘယ်ခိုက်မိသွား
သေးသလဲ..မတော်လို့ပါကွယ် သည်းခံပါ။ ဟာ ကိစ္စမရှိပါဘူးသာ ပြောရ၊ တစ်ခါတည်း ဆွဲထိုးပြီး
ထုလိုက်ချင်တာပဲဗျာ” “အေး..ဒီလိုချည်းပဲ သူ့ကို ထုဖို့ အတော်ခက်တာလားကွ” “တစ်ခုတော့ စဉ်းစားမိပြီ။ ဂျီရုံထဲက
မပြန့်တို့ဟာ သူတို့ဆီမှာ လက်နဲ့ကွမ်းသီးဖက် ဖောက်သည်ယူတယ်။ IMG_20180611_215816.jpgနောက် မပြန့်တို့ကိုယ်စား ကျွန်တော် သွားယူပြီး
ဖက်တီးမကြီးနဲ့ မိတ်ဖွဲ့ရမှာပဲ” စသည်ဖြင့် ပြောဆိုကာ အခြားစကားများကို ရယ်မော ပြောဆိုရင်း လူချင်းခွဲကြလေ၏။
မောင်သန်းစိန် ဆိုသူကား အသက် ၁၈ နှစ်ခန့်ရှိ၍ ရုပ်ရည် သားသားနားနားနှင့် ကျောက်သွေးတန်း
ကျွန်းလုံးမိတ်ဆွေ တိုက်ပိုင်ရှင် ဦးဘိုးရှင်း၏သား ဖြစ်လေ၏။ ခေတ်ကာလ အင်္ဂလိပ်ပညာဆယ်တန်းအောင်ပြီးနောက်
ကျောင်းထွက်ကာ မိဘအလုပ်ကို ကူညီလုပ်ကိုင်နေသူ ဖြစ်လေ၏။ မန္တလေးသားဇာတိမို့ မိကောင်းဖခင်သားပီပီ
ပြောရေးဆိုစ လိမ္မာရေးခြားရှိလေ၏။
များမကြာမီပင် သန်းစိန်သည် မပြန့်တို့ကိုယ်စား ကူလီများ ခေါ်ကာ လက်ဖက်ခြင်းများကို မြကြီးတို့တိုက်သို့
သွား၍ယူရလေ၏။ ဣန္ဒြေရရ ရိုးရိုးစိုက်စိုက်၊ ရိုရိုသေသေ အမူအရာနှင့် ဆက်ဆံသောကြောင့် ရန်တွေ့လေ့ရှိသော
မြကြီးမှာ အခက်ကြုံ၍ နေလေ၏။ တစ်ခါ၊ နှစ်ခါ သုံးခါ ဆက်ဆံမိသောအခါ မြကြီးနှင့် မိတ်ဆွေဖြစ်လျက် မြကြီးက
မောင်သန်းစိန်ဟုခေါ်၍ သန်းစိန်က မမမြဟု ခေါ်လေ၏။ အပြောချို၍ လူတစ်ဦး၏
အောက်ကျနောက်ကျခံပေါင်းသူတို့အား လူတိုင်းက ချစ်ခင်ကြမြဲ ဖြစ်ပေ၏။ သန်းစိန်သည် အစပထမတွင်
သူ၏ကိစ္စပြီးလျှင် ချက်ချင်းပြန်သွားစမြဲ ဖြစ်လေ၏။ တစ်စတစ်စ အကြိမ် များလာသောအခါ ကွမ်းမကြိုက်ဘဲ

ပိန်ဆေး(၂) | Ecency