Huawei ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Huawei P20 နဲ့ P20 Pro စမတ်ဖုန်းတွေက လောလောဆယ်မှာ Huawei ရဲ့ အကောင်းဆုံးစမတ်ဖုန်းတွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Huawei ရဲ့ အကောင်းဆုံးဖုန်းတွေဖြစ်သလိုပဲ ဈေးလည်းယခင်ထက်ပိုပြီး ကြီးမြင့်လာပါတယ်။
အခုအချိန်မှာ Huawei P20 နဲ့ P20 Pro ဖုန်းတွေဟာ ဒေါ်လာ ၈၀၀ နဲ့ ဒေါ်လာ ၁၀၀၀ ဝန်းကျင်ရှိနေပြီးတော့ မြန်မာနိုင်ငံမှာလည်း ငွေကျပ် ၁၀ သိန်းအထက်ရှိနေတာပဲဖြစ်ပါတယ်။
ဒါပေမယ့် အခုလိုမျိုး ဈေးနှုန်းမြင့်မားနေတာက Huawei P20 ဖုန်းတွေရဲ့ ရောင်းအားကို မထိခိုက်စေတဲ့အပြင်ပိုပြီးတောင် မြင့်မားလာစေပါသေးတယ်။ Huawei ရဲ့ လက်ရှိထုတ်ပြန်ချက်အရ Huawei P20 နဲ့ P20 Pro စမတ်ဖုန်းတွေကို လက်ရှိအချိန်မှာ ၆ သန်းကျော် ရောင်းချပြီဖြစ်တယ်လို့ သိရပါတယ်။
အခုလိုမျိုး Huawei P20 Pro ဖုန်းတွေ ရောင်းအားတက်လာတာက ယခင်ထက် ၈၁ ရာခိုင်နှုန်းတိုးတက်လာခဲ့တာဖြစ်ပြီးတော့ ဥရောပမှာဆိုရင် ၃၁၆ ရာခိုင်နှုန်းအထိ ရောင်းအားတက်လာတာဖြစ်ပါတယ်။Huawei P20 ဖုန်းတွေဟာ ယခင် Mate 10 Pro ဖုန်းမှာ အသုံးပြုထားတဲ့ Kirin 970 Processor ကိုပဲ အသုံးပြုထားပေမယ့် ကင်မရာပိုင်း သိသိသာသာအဆင့်မြှင့်တင်ထားတဲ့အတွက် အခုလိုရောင်းအားကောင်းနေတာလို့ ပြောလို့ရပါတယ်။