Own processor Of Mac

heinzaw(42)
Published in
#apple
Words
127
Reading
1 min
Listen
Play
8y

Apple ဟာ လက်ရှိအချိန်မှာ iDevices တွေနဲ့ Apple Watch လိုမျိုး Devices တွေအကုန်လုံးအတွက် အဓိကဖြစ်တဲ့ Processor ကို ကိုယ်တိုင်ထုတ်လုပ်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Apple MacBook နဲ့ Mac ကွန်ပျူတာတွေက Intel ရဲ့ Processor တွေကိုပဲ လက်ရှိအချိန်မှာ အသုံးပြုနေကြတုန်းပါ။ ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာ အဲ့ဒီအချက်ကပြောင်းလဲသွားတော့မှာပါ။IMG_20180623_110508.jpg

လွန်ခဲ့တဲ့ လပိုင်းလောက်ထဲက Apple ဟာ Macbook နဲ့ Mac ကွန်ပျူတာတွေအတွက် Processor Chip တွေကို ပြုလုပ်နေတယ်ဆိုတဲ့သတင်းက ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါ Intel Processor တွေကို Apple ရဲ့ ကိုယ်ပိုင် Processor တွေနဲ့ အစားထိုးဖို့က လာမယ့် ၂ နှစ်အတွင်းမှာဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။IMG_20180623_110518.jpg

အခု Intel Processor တွေကို အစားထိုးသွားမယ့် Apple ရဲ့ ကိုယ်ပိုင် Processor တွေကို Kalamata လို့ Codename ပေးထားတယ်လို့ သိရပြီးတော့ လက်ရှိအချိန်မှာ Early Stages တွေမှာပဲရှိနေသေးတယ်လို့ သိရပါတယ်။ အခုလိုမျိုး Apple အနေနဲ့ ကိုယ်ပိုင် Processor တွေကိုသာ Mac ကွန်ပျူတာတွေမှာသာ ထည့်သွင်းနိုင်သွားရင် iPhone တွေလိုပဲ လုံခြုံရေးပိုင်းနဲ့ Optimizations တွေပိုပြီး ကောင်းမွန်လာမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း Intel Processor တွေမှာ Spectre နဲ့ Meltdown လိုမျိုး CPU Processor ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ Malware တွေလည်း ကူးစက်ခံခဲ့ရတဲ့အတွက် Apple ကနေ အဲ့ဒီအတွက် သူရဲ့ Macs ကွန်ပျူတာတွေကို Security Patches တွေပါ ထုတ်ပေးလိုက်ရသေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုလို ကိုယ်ပိုင် Processor အသုံးပြုဖို့က ဖြစ်သင့်တဲ့အချက်လို့ ပြောလို့ရပါတယ်။

Own processor Of Mac | Ecency