Oukitel K7

Words
107
Reading
1 min
Listen
Play
8y

ဂိမ်းဆော့တဲ့သူတွေစိတ်ကြိုက်ဖြစ်စေမယ့် Battery 10000 mAh နဲ့ Oukitel K7 ဖုန်းကိုလာမယ့် ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ Oukitel Website မှာတရားဝင်ထုတ်ပြန်ထားပါတယ်။

Oukitel အမှတ်တံဆိပ်ကို စာဖတ်သူတွေရင်းနှီးချင်မှရင်းနှီးပါလိမ့်မယ်။ ဒါပေမယ့်လဲ သူ့ကုမ္ပဏီကထွက်ရှိလာတဲ့ဖုန်းတွေက ဘက်ထရီပါဝင်တဲ့ပမာဏ များတာရယ် အကြမ်းခံတာရယ် ဈေးနှုန်းသက်သာတာတွေကြောင့် တရုတ်နိုင်ငံမှာတော့ လူသိများပါတယ်။ အခုလဲ K7 ဖုန်းအကြောင်းကို MyTech Myanmar ပရိတ်သက်တွေထဲက ဂိမ်းကစားတဲ့သူတွေနဲ့ ဖုန်းကိုတစ်ခါအားသွင်းပြီး အကြာကြီးသုံးချင်တဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Oukitel K7 ဖုန်းဟာ ၆ လက်မမျက်နှာပြင်ရှိပြီးတော့ ram 4 GB နဲ့ 64 GB Storage ပါဝင်ပါတယ်။ဖုန်းဟာအခုနောက်ထွက်တဲ့ဖုန်းတွေရဲ့ပုံစံအတိုင်း မျက်နှာပြင်အပြည့်ဖြစ်ပြီးတော့ 18:9 နဲ့ 403 PPI Display ဖြစ်ပါတယ်။IMG_20180623_220512.jpg

ကင်မရာအနေနဲ့ အနောက်ဘက်ကင်မရာက Duel ကင်မရာဖြစ်ပြီးတော့ Sony IMX 214 Sensor နဲ့ 13MP ကင်မရာနှစ်လုံးကိုတပ်ဆင်ထားပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 5 MP ကင်မရာပါ။ကင်မရာကတော့ အရမ်းကြီးမကောင်းပေမယ့် အရမ်းကြီးလဲမဆိုးပါဘူး။ ဒါပေမယ့် ဒီဖုန်းမှာ ဘာ Processor ကိုသုံးထားတယ်ဆိုတာကတော့ တရားဝင်ဖော်ပြချက်တွေထဲမှာပါမလာပါဘူး။

ဒီဖုန်းရဲ့အဓိကအားသာချက်လို့ပြောရမယ့် ဘက်ထရီပိုင်းကိုပြောပါတော့မယ်။ ဒီဖုန်းမှာ 10000 mAh ဘက်ထရီပါဝင်ပြီးတော့ ဖုန်းကိုအသုံးမပြုပဲ အသင့်အနေထားနဲ့ထားမယ်ဆိုရင်တော့ ရက်ပေါင်း ၅၀ လောက်ထိ အထားခံနိုင်တယ်လို့ဖော်ပြထားပါတယ်။ဖုန်းခေါ်ဆိုမှုတွေကိုလဲ ၅၆ နာရီဆက်တိုက်ပြောဆိုနိုင်ပါတယ်။
IMG_20180623_220512.jpg
သီချင်းနားထောင်မယ်ဆိုရင်တော့ ၁၆၆ နာရီဆက်တိုက်နားထောင်နိုင်ပြီး Online Video တွေကြည့်မယ်ဆိုပါက နာရီ ၂၀ လောက်ထိကို ဆက်တိုက်ကြည့်ရှုနိုင်တယ်လို့ဖော်ပြထားပါတယ်။ အားအမြန်သွင်းတဲ့စနစ်လဲပါဝင်ပြီးဈေးနှုန်းအနေနဲ့ကတော့ 160 USD လောက်ပဲကျသင့်မှာဖြစ်ပါတယ်။
source