This content got low rating by people.

Ooredoo MY

Words
120
Reading
1 min
8y
Listen to this post
~1 min

အူရီဒူးရဲ့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုအနေနဲ့ အကောင်းဆုံး ၀န်ဆောင်မှုများနှင့် အထူးအစီအစဉ်တွေကို ၎င်း၏၀န်ဆောင်မှုကို အသုံးပြုသူများတွက် ပေးအပ်လိုက်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်သော ခြေလှမ်းအနေနဲ့ ၁၀၀% အထိ အပိုလက်ဆောင် ရရှိနိုင်သော အထူးအစီအစဉ်ကို မိတ်ဆက်လိုက်ပါပြီ။
FB_IMG_1530229692598.jpg
ယခုအခါတွင် အူရီဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် နေ့စဉ် ဖုန်းငွေဖြည့်တိုင်း ၁၀၀%အထိ အပိုလက်ဆောင်ရယူနိုင်ရန်အတွက် ခဲခြစ်ငွေဖြည့်ကတ်၊ E- topup နှင့် My Ooredoo App ကိုအသုံးပြု၍ ဖုန်းငွေဖြည့်ခြင်းစသည့် ဖုန်းငွေဖြည့်နည်းအားလုံးထဲမှ မိမိအဆင်ပြေကြိုက်နှစ်သက်သည့် ဖုန်းငွေဖြည့်နည်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဖုန်းငွေဖြည့်အပိုလက်ဆောင်ရရှိခြင်းအတွက် *234#ကိုဖုန်းခေါ်ဆိုပြီး စစ်ဆေးကြည့်ရှူနိုင်မှာဖြစ်ပါတယ်။FB_IMG_1530229702132.jpg

အူရီဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေနဲ့ ရရှိသော ဖုန်းငွေဖြည့်လက်ဆောင်ကို သုံးသလောက်ပေး အင်တာနက်ကို အသုံးပြုနိုင်မှာပါ။ Ookla’s SpeedtestIntelligence® ၏ ၂၁၀၈ခုနှစ် ပထမသုံးလပတ် စစ်တမ်းအရ အူရီဒူးမြန်မာ၏ 3G နှင့် 4G ကွန်ရက်ကို မြန်မာနိုင်ငံတွင် အမြန်ဆုံးသော ကွန်ရက်အဖြစ် အသိအမှတ်ပြုထားသည့်အတွက် မိုဘိုင်းအင်တာနက်အသုံးပြုသူများအနေဖြင့် အူရီဒူး၏ ကွန်ရက်ကို အသုံးပြုပြီး အကောင်းဆုံးဒေတာ အတွေ့အကြုံကို ရရှိနိုင်မှာပါ။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma မှ “အူရီဒူးရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူများရဲ့ ပံ့ပိုးမှုကို အထူးအလေးထားပါတယ်။ ဒါကြောင့် ဘယ်ဖုန်းငွေဖြည့်နည်းကိုမဆို အသုံးပြုပြီး နေ့စဉ် ဖုန်းငွေဖြည့်လိုက်တိုင်း ၁၀၀% အထိရရှိနိုင်မယ့် ငွေဖြည့်လက်ဆောင် အထူးအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။ ဒါငွေဖြည့်အပိုလက်ဆောင်ကို အသုံးပြုပြီး ကမ္ဘာဖလားဘောလုံးပွဲ ၂၀၁၈ ကို My Ooredoo Appကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှဖြစ်သလို သူတို့တေရွဲ့ မိတ်ဆွေတွေ မိသားစုတွေနဲ့လည်း ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။” အူရီဒူးမှ ကောင်းမွန်သော ၀န်ဆောင်မှုများနှင့် ဆန်းသစ်သော ထုတ်ကုန်များဖြင့် သုံးစွဲသူများအားအတွေ့အကြုံကောင်းကို ပေးအပ်နိုင်ရန်အတွက် သုံးစွဲသူများ၏အသံကို အမြဲနားထောင်လျှက်ရှိပါတယ်။
photo@photo @ooredoomyanmarfacebookpage

Ooredoo MY | Ecency