Nubia Z18

heinzaw(42)
Published in
#zte
Words
129
Reading
1 min
Listen
Play
8y

လက်ရှိအချိန်မှာတော့ Xiaomi, Oneplus, VIVO, Smartisan,
OPPO နဲ့အခြားစမတ်ဖုန်းထုတ်လုပ်သူတွေဟာ Snapdragon
845 သုံးထားတဲ့ flagship ဖုန်းတွေကို ဈေးကွက်ထဲ ထုတ်လုပ်
ရာင်းချနေကြပါပြီ။ စမတ်ဖုန်းထုတ်လုပ်သူ Nubila အနေနဲ့လည်း
အရှေ့ကစမတ်ဖုန်း ကုမ္ပဏီတွေရဲ့ လမ်းစဉ်ကိုလိုက်ဖို့ ပြင်ဆင်နေ
ပါပြီ။ မနေ့ကတော့ Nubia Z18 မိတ်ဆက်ပွဲအတွက် ပြင်ဆင်
ထားတဲ့ ဖိတ်စာတွေပေါက်ကြားလာပါတယ်။ ဒီနေ့မှာလည်း
OPPO Find X လိုမျိုး မျက်နှာပြင်အပြည့်နီးပါးသုံးထားတဲ့ Nubla
Z18 ရဲ့ ဓာတ်ပုံတွေထပ်မံထွက်ပေါ်လာပါတယ်။IMG_20180618_200029.jpg

Nubia ရဲ့ ဖိတ်စာမှာတော့ “Open the future' လို့ရေးထား
တာကြောင့် အနာဂတ်စမတ်ဖုန်းတွေမှာ သုံးလာမယ့် နည်းပညာ
သစ်တွေထည့်သွင်းလာမှာကတော့ အသေအချာပါဘဲ။ TENAA
ကထွက်လာတဲ့အချက်အလက်တွေမှာ Nubia Z18 ဖုန်းမှာ 5.99
လက်ရှိမယ့် bezel-less screen ကိုသုံးထားပြီး ရှည်မျောမျောဒီ
ဇိုင်းပုံစံလေးပါ။ သူ့မှာ စွမ်းအားပိုင်းအတွက် Snapdragon 845
Octa core ပရိုဆက်ဆာကို သုံးထားပြီး RAM 8GB နဲ့အတူ
ROM 128GB storage နဲ့ဖြစ်လာမှာပါ။ ဘက်ထရီစွမ်းအားပိုင်း
မှာတော့ 3350mAh နဲ့ဖြစ်ပြီး Android 8.0 OS တစ်ပါတည်း
ထည့်သွင်းပေးထားပါလိမ့်မယ်။IMG_20180618_200021.jpg

မနေ့ကထွက်လာတဲ့ ပုံမှာတော့ Nubia Z18 ရဲ့ အရှေ့ဘက်ခြမ်း
မှာ Essential ဖုန်းပုံစံ Notch သေးသေးလေးတပ်ဆင်ထားပြီး၊
ဒီနေ့ထွက်လာတဲ့ ဓာတ်ပုံမှာတော့ ကိုယ်ထည်တစ်ခုလုံးရဲ့
90%,ရာခိုင်နှုန်းနီးပါးရှိတဲ့Display သုံးထားတာကို တွေ့ရပါတ
ယ်။ Nubia Z18 ကိုမိတ်ဆက်ဖို့ လိုသေးတာကြောင့် တရားဝင်
ထွက်လာမယ့် ဓာတ်ပုံတွေကိုတော့ စောင့်ကြည့်ရအုံးမှာပါ။ တ
ကယ်လို့ full view အပြည့်နဲ့သာထွက်လာမယ်ဆိုရင်တော့ Vivo
နဲ့ OPPO တို့ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းတွေလိုမျိုး pop-up
ကင်မရာထည့်သွင်းလာနိုင်ပါတယ်။
Source

Nubia Z18 | Ecency