စမတ်ဖုန်းထုတ်လုပ်သူ Huawei အနေနဲ့ အဆင့်မြင့်စမတ်ဖုန်းလို့
သတ်မှတ်နိုင်တဲ့ Mate series နဲ့ P series စမတ်ဖုန်းတွေကိုသာ
သီးသန့်ထုတ်လုပ်နေတာ မဟုတ်ပဲ Nova series ဖုန်းတွေကိုပါ
ထုတ်လုပ်ပေး လျက်ရှိနေပါတယ်။
ဈေးနှုန်းကလည်း သင့်တင့်ပြီးဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့လူငယ်တွေ
ကို ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင် Nova
စီးရီးဖုန်းတွေကို ထုတ်လုပ်လာတာမျိုးဆက်၃ခုလောက်ရှိနေပါ
ပီ။ နောက်ဆုံးထုတ်ထားတဲ့ဖုန်းကတော့ Nova SE ပဲဖြစ်ပါတ
Huawei ရဲ့ အသစ်ထွက်ရှိလာမယ့် စမတ်ဖုန်းဖြစ်တဲ့ Nova 3
ဟာ တရုတ်နိုင်ငံရဲ့ 3C အသိအမှတ်ပြုမှု ရရှိသွားပြီဖြစ်ပါတယ်။
ဒီနေ့ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Nova 3 စမတ်ဖုန်းဟာ၊
အရင်ထွက်ထားတဲ့Nova 3E တူညီပြီး သူ့မှာmetal mid-frame
နဲ့ double glass သုံးလာမှာဖြစ်ပါတယ်။ ဖန်သားကိုယ်ထည်ဟာ
အလွန်လှပပြီး အရောင်ကွဲတွေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
ပုံတွေအရ လက်ဗွေဖတ်စနစ်ကိုတော့မတွေ့ရသေးပါဘူး။ Nova
3 ရဲ့ အရှေ့ဘက်ဒီဇိုင်းကို ကြည့်လိုက်တဲ့အခါမှာ ထိပ်ဘက်မှာ
Notch တပ်ဆင်ထားပြီး၊မျက်နှာပြင်က 6 လက်မဖြစ်ကာ 19.5:9
aspect ratio နဲ့ဖြစ်ပါတယ်။ နောက်ကျောဘက်မှာdual ကင်မ
ရာတပ်ဆင်ထားပြီး dual LED Light တပ်ဆင်ထားပါတယ်။ ဒါ့
အပြင်အရှေ့ဘက်မှာလည်း ကင်မရာ၂လုံးတပ်ဆင်ထားတာကို
တွေ့ရပါတယ်။ ဘက်ထရီစွမ်းအားအနေနဲ့ 3340mAh ကိုတပါ
တည်းထည့်သွင်းထားပြီး HW-059200CHQ charger နဲ့ဖြစ်ပါတ
ယ်။ သူ့မှာ Nova 3e မှာလိုမျိုး 18W quick charge ကိုထောက်
ပံ့ပေးပါလိမ့်မယ်။
အခြားအချက်အလက်တွေအနေနဲ့ Nova 3 မှာ Huawei ရဲ့ ပရိုဆ
က်ဆာအသစ်ဖြစ်တဲ့ Kirin 710 ကိုသုံးထားပါတယ်။ TSMC ရဲ့
12mm နည်းပညာနဲ့ဖြစ်ပြီး NPU ကိုပါခွဲထုတ်ပေးထားပါတယ်။
ကင်မရာ၄ခုနဲ့ ဖြစ်ပြီးအရှေ့ဘက် Selfie အတွက်တော့
20MP+2MP ကိုသုံးထားနိုင်ပြီး၊ နောက်ကျောဘက်မှာတော့
20MP+16MP ကိုသုံးပေးထားမှာဖြစ်ပါတယ်။ ကင်မရာတွေဟာ
AI နည်းပညာနဲ့ ရုပ်ပုံတွေကိုဖမ်းယူပေးမှာဖြစ်ပါတယ်။ စမတ်ဖု
န်းသစ်ကို ဇူလိုင်လလောက်မှာ မိတ်ဆက်လာနိုင်ခြေရှိပါတယ်။
Source