Note 9

Words
95
Reading
1 min
Listen
Play
8y

Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Galaxy S8 စမတ်ဖုန်းမှာ ပုံမှန် စမတ်ဖုန်းတွေမှာ ပါဝင်နေကြ Power နဲ့ Volume Keys တွေအပြင် နောက်ထပ် Bixby Assistant ကို ခေါ်ဆိုနိုင်တဲ့ Bixby Button ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Bixby Button အပြင် နောက်ထပ် ခလုတ်တစ်ခုကိုပါ Samsung က ထည့်သွင်းလာတော့မယ့်ပုံပါပဲ။
IMG_20180617_162151.jpg
အဆိုပါ ခလုတ်က လာမယ့် သြဂုတ်လမှာ မိတ်ဆက်သွားမယ့် Galaxy Note 9 စမတ်ဖုန်းမှာ ပါဝင်လာမှာဖြစ်ပြီးတော့ လက်ရှိသိရတဲ့သတင်းတွေအရတော့ Shutter Button ဖြစ်လာမယ်လို့ သိရပါတယ်။ အခု Shutter Button ဟာ ကင်မရာထဲကို ဝင်ရောက်ထားတဲ့အချိန်မှာ ဓါတ်ပုံရိုက်ပေးမှာဖြစ်ပြီး ပုံမှန်အချိန်တွေမှာ Screenshot ရိုက်ကူးလို့လည်းရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း စမတ်ဖုန်းတွေမှာ Shutter Button ကို သီးသန့်ထည့်သွင်းတယ်ဆိုတာက ယခင် Sony Xperia စမတ်ဖုန်းတွေမှာပဲရှိခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာ စမတ်ဖုန်းအားလုံးမှာ ထည့်သွင်းခြင်းမရှိတော့တာ အချိန်တစ်ခုကြာသွားပြီပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ကတော့ သူ့ရဲ့ စမတ်ဖုန်းတွေမှာ ခလုတ်အပိုတွေထည့်သွင်းရတာကို ကြိုက်နှစ်သက်တဲ့ပုံစံပါပဲ။
Source

Note 9 | Ecency