New Feature of IG

heinzaw(42)
Published in
#app
Words
108
Reading
1 min
Listen
Play
8y

Instagram ဟာ အခုအချိန်မှာ Stories Feature ကို Update လုပ်ဖို့ စီစဉ်နေပြီးတော့ အခုထည့်သွင်းမယ့် Feature က လူတိုင်းကြိုက်ကြဦးမယ့် Feature တစ်ခုဖြစ်ပါတယ်။ အဲ့ဒါကတော့ Stories Post တွေမှာ ကိုယ်တင်ချင်တဲ့ စာသား၊ ဓါတ်ပုံ နဲ့ အံကိုက်ဖြစ်တဲ့ သီချင်းတွေကိုပါ တစ်ပါတည်း တင်နိုင်မှာဖြစ်ပါတယ်။
IMG_20180623_111707.jpg
အခုလိုမျိုး သီချင်းတွေကို အသုံးပြုနိုင်လာတာက တလောတုန်းက Facebook ကနေ Major Music Labels တွေနဲ့ လိုင်စင်ရယူထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း Instagram ကနေ ကိုယ်နားထောင်နေတဲ့သီချင်းကို အလိုအလျောက် သိရှိအောင်ဆောင်ရွက်နေပြီးတော့ အဆိုတော်နဲ့ သီချင်းနာမည်ကို အလိုအလျောက်ထည့်သွင်းနိုင်တဲ့ Feature ကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် Instagram ကနေတလောက Facebook F8 Event နောက်ပိုင်းမှာ Spotify ဒါမှမဟုတ် SoundCloud က သီချင်းတွေကို Instagram Stories မှာ အဆိုပါ သီချင်းကိုပါ နှိပ်လိုက်ရုံနဲ့ တိုက်ရိုက်နားထောင်နိုင်အောင် Update ပြုလုပ်ပေးခဲ့သေးတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုနောက်ပိုင်းမှာ Instagram က သီချင်းတွေဘက်ကို အာရုံစိုက်လာတယ်လို့ ပြောလို့ရပါတယ်။IMG_20180623_111659.jpg

Instagram က အခုဆိုရင် Features တွေအများအပြားရှိနေပြီဖြစ်ပြီးတော့ Portrait ရိုက်ဖို့အတွက် Focus Mode တွေ၊ Video Calling Features တွေကိုလည်း ထပ်မံထည့်သွင်းခဲ့သေးတာပဲဖြစ်ပါတယ်။ အခုလိုမျိုး Instagram Stories တင်နေတုန်းမှာ ဖွင့်ထားတဲ့သီချင်းကို အလိုအလျောက်သိရှိပြီး ကိုက်ညီတဲ့ Sticker ကိုပါ တင်ပေးတာက Instagram အသုံးပြုသူတွေအတွက်တော့ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်ပါတယ်။
Source

New Feature of IG | Ecency