Xiaomi က စမတ်ဖုန်း ၊ တက်ဘလက်များ အပြင် ဖုန်စုပ်စက်၊
လသန့်စင်စက်၊ စမတ် စပီကာတို့လို အီလက်ထရောနစ် ကိရိ
ယာများကိုလည်း ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အခုလည်း
ရှောင်မီက ဘလူးတု စပီကာ အသစ်တစ်ခုကို အိန္ဒိယမှာ မိတ်ဆ
က်လိုက်ပါတယ်။ သူဟာ စမတ် စပီကာတော့ မဟုတ်ဘဲ သာမာ
န် စပီကာသာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ ထုံးစံအတိုင်းပဲ ဈေးသက်
သာပြီး ၂၂ ဒေါ်လာသာ ကျသင့်ပါတယ်။ အိန္ဒိယမှာ ရူပီး ၁၄၉၉
ဖြင့် ရောင်းချပေးမှာပါ။
သူဟာ အရွယ်အစား ကျစ်လစ်တဲ့ စပီကာ ဖြစ်ပြီး အမြင့်မှာ ၃.၆
လက်မသာ ရှိပါတယ်။ အကျယ်မှာ ၂.၃ လက်မသာ ရှိပါတယ်။
ပိုလီကာဘိုနိတ် ပလတ်စတစ်ဖြင့် တည်ဆောက်ထားတဲ့အတွက်
ပေါ့ပါးပါတယ်။ ထိပ်ဘက်ကိုတော့ အလူမီနီယမ်ဖြင့် ဖန်တီးထား
ပါတယ်။ ဂျာမနီ အခြေစိုက် အသံ အင်ဂျင်နီယားရင်း ကုမ္ပဏီ
Tymphany က ထုတ်လုပ်ပေးထားတဲ့ 5W Speaker ကို အသုံး
ပထားပါတယ်။
Bluetooth 4.1 ဆက်သွယ်မှုဟာ မျိုးဆက်သစ် ဘလူးတု စံနှုန်း
ဖစ်တဲ့အတွက် အလွန် ကောင်းမွန်ပါတယ်။ တစ်ခါအားအပြည့်
သွင်းထားရင် ၇ နာရီ သီချင်း နားဆင်နိုင်တဲ့ 1200mAh Battery
ပါပါတယ်။ ထိပ်ဖက်မှာ ထိန်းချုပ် ခလုတ် တစ်ခုထည့်သွင်းထား
ပီး အဲဒီခလုတ်ကို ၂ စက္ကန့်လောက် ဗိထားရင် စပီကာကို ပါဝါ အ
ဖွင့်၊ အပိတ်လုပ်နိုင်ပါတယ်။ နှစ်ချက် နှိပ်ရင် Device တစ်ခုနဲ့
Pair ပြုလုပ်နိုင်ပါတယ်။ ထိပ်ဖက်ကို လှည့်ခြင်းဖြင့် အသံ အတိုး၊အကျယ် ပြုလုပ်နိုင်ပါတယ်။ ခလုတ်ကို ညင်သာစွာ နှိပ်ရင် သီချ
င်းများကို ကျော်ခြင်း၊ Pause လုပ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။
ရှောင်မီက စပီကာကို ရေရှည် အသုံးပြုနိုင်ပြီး အကြမ်းခံအောင်
ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။ သူဟာ အရွယ်ကြီး စပီ
ကာ မဟုတ်တဲ့အတွက် အလွန် ကျယ်လောင်တဲ့ အသံကိုတော့
ပံ့ပိုးပေးနိုင်ခြင်း မရှိပါဘူး။
Source