Mi Max 3

heinzaw(42)
Published in
#mi
Words
134
Reading
1 min
Listen
Play
8y

Xiaomi ဟာ တစ်နေ့တုန်းက Budget ဖုန်းတွေဖြစ်တဲ့ Redmi 6 နဲ့ Redmi 6A ဖုန်းတွေကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Xiaomi ရဲ့ ယခုနှစ်အတွင်းမှာ ထုတ်ဖို့ စီစဉ်နေတဲ့ စမတ်ဖုန်းတွေအကုန်လုံးနီးပါး ကုန်သွားပြီလို့တောင်ပြောလို့ရပါတယ်။IMG_20180622_061836.jpg

ဒါပေမယ့် Xiaomi ပရိသတ်တွေ အလွန်အားပေးကြတဲ့ Mi Series စမတ်ဖုန်းတစ်ခု ထွက်လာဖို့ ကျန်နေပါသေးတယ်။ အဲ့ဒါကတော့ Xiaomi Mi Max Series ရဲ့ တတိယမြောက်စမတ်ဖုန်းတစ်ခုဖြစ်လာမယ့် Mi Max 3 ဖုန်းပဲဖြစ်ပါတယ်။

Xioami ရဲ့ CEO Lei Jun က Mi Max 3 စမတ်ဖုန်းဟာ လာမယ့် ဇူလိုင်လမှ ထွက်ရှိလာမယ်လို့ပြောကြားထားပြီးဖြစ်ပေမယ့် အခုအချိန်မှာတော့ Mi Max 3 ရဲ့ သတင်းတွေပေါက်ကြားလာခဲ့ပါပြီ။IMG_20180622_061827.jpg

အခုပေါက်ကြားလာတဲ့သတင်းတွေအရ Xiaomi Mi Max 3 စမတ်ဖုန်းဟာ 6.99″ အရွယ်အစားရှိတဲ့ Full HD+ Display ကို အသုံးပြုလာမယ့်အပြင် Qualcomm ရဲ့ Flagship ဖုန်းတစ်ခုနီးပါးစွမ်းဆောင်ရည်ရရှိစေမယ့် Snapdragon 710 Processor တွေကို အသုံးပြုလာမယ်လို့ သိရပါတယ်။

ဒါတင်မကသေးပဲ Xiaomi Mi Mx 3 ဖုန်းဟာ 20MP Sony IMX 363 Sensor ပါဝင်တဲ့ Dual Camera ကို ကျောဘက်မှာတပ်ဆင်လာမှာဖြစ်ပြီးတော့ အဲ့ဒါက Mi 8 နဲ့ Mi Mix 2S တို့ရဲ့ ကင်မရာနဲ့ သွားတူနေမှာဖြစ်ပါတယ်။

Mi Max ဖုန်းတွေက Battery ပိုင်းမှာ နာမည်ကြီးသလိုပဲ အခု Mi Max 3 စမတ်ဖုန်းမှာလည်း ကြီးမားတဲ့ 5500mAh Battery ကို 18W Quick Charge 3.0 စနစ်ပါ ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ Wireless Charging လည်းပါဝင်ဦးမှာပါ။
Source

Mi Max 3 | Ecency