MI 8 Sold out just in 97 Sec

heinzaw(42)
Published in
#mi
Words
88
Reading
1 min
8y
Listen to this post
~1 min

Xiaomi ရဲ့ Mi Series ဖုန်းတွေက စွမ်းဆောင်ရည်ပိုင်းအရ အကောင်းဆုံးဖြစ်နေပြီး ဈေးနှုန်းလည်း သက်သာတဲ့စမတ်ဖုန်းတွေဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Mi Series ဖုန်းတွေထဲမှာ နောက်ဆုံးထွက်ဖုန်းတစ်ခုဖြစ်တဲ့ Mi 8 စမတ်ဖုန်းကို စတင်ရောင်းချခဲ့ပြီးတော့ ရောင်းအားက စံချိန်တင်သွားခဲ့ပါတယ်။
IMG_20180602_054556.jpg
ဘာဖြစ်လို့လဲဆိုရင် Xiaomi ကနေ Online Flash Sale ကနေ ရောင်းချတဲ့ Mi 8 ဖုန်းတွေရဲ့ ပထမအသုတ်ရောင်းကုန်ဖို့က ၁ မိနစ်နဲ့ ၃၇ စက္ကန့်ပဲ ကြာမြင့်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီ အချိန်ကလည်း Xiaomi ကိုယ်တိုင်က တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ အရေအတွက်ကိုတော့ မပြောကြားခဲ့ပါဘူး။

Xiaomi Mi 8 စမတ်ဖုန်းဟာ ဆိုရင် လက်ရှိ Qualcomm Snapdragon Processor အသုံးပြုထားတဲ့ စမတ်ဖုန်းတွေထဲမှာ ဈေးအပေါဆုံးဖြစ်ပြီးတော့ ဒေါ်လာ ၄၀၀ ဝန်းကျင်ပဲရှိတာဖြစ်ပါတယ်။ ဒါ့အပြင် 6.21″ Super AMOLED Display ၊ Dual Camera နဲ့ RAM 6GB ၊ 64GB ပါဝင်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအရ အလွန်ကောင်းတဲ့ဖုန်းတစ်ခုပါ။IMG_20180602_054458.jpg
Xiaomi Mi 8 ဖုန်းကို ဒုတိယအသုတ်အနေနဲ့ လာမယ့် ဇွန်လ ၁၂ ရက်နေ့မှ ထပ်မံရောင်းချသွားမှာဖြစ်ပါတယ်။
Source

MI 8 Sold out just in 97 Sec | Ecency