MediaTek 5G

Words
91
Reading
1 min
Listen
Play
8y

နောက်လာမယ့် ၂၀၁၉ ခုနှစ်မှာတော့ ဆက်သွယ်ရေးကွန်ရက်ဟာ နောက်တစ်ဖန်ထပ်ပြီးပြောင်းလဲသွားတော့မှာပါ။ အဲ့ဒါကလည်း အခုထက် အဆပေါင်းများစွာပိုပြီးမြန်ဆန်လာမယ့် 5G Network ကို ဆက်သွယ်ရေးလုပ်ငန်းတွေ၊ Mobile Devices တွေအကုန်ကူးပြောင်းသွားတော့မှာဖြစ်လို့ပါ။IMG_20180609_034606.jpg

လက်ရှိအချိန်မှာ Mobile Devices တွေကို အဓိကထုတ်လုပ်နေတဲ့ Qualcomm က 5G ကို ထောက်ပံ့ပေးနိုင်တဲ့ Modem တွေကို လာမယ့်နှစ်မှာထုတ်လုပ်သွားမယ့် Processor တွေမှာ ထည့်သွင်းသွားမယ်လို့ ပြောကြားထားပြီးဖြစ်ပြီးတော့ Intel ကလည်း 5G Modem တွေကို ထုတ်ပြခဲ့ပြီးဖြစ်ပါတယ်။IMG_20180609_034620.jpg

ဒီတစ်ခါမှာတော့ Qualcomm လိုမျိုးပဲ နာမည်ကြီး CPU ထုတ်လုပ်သူဖြစ်တဲ့ MediaTek ကလည်း 5G ကို အသုံးပြုထားတဲ့ Processor အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

အခု Processor ကိုတော့ Helio P70 လို့နာမည်ပေးထားပြီးတော့ 7nm Architecture ကို အသုံးပြုထားတဲ့ Processor တစ်ခုလည်းဖြစ်ပါတယ်။ အခု Processor ကို MediaTek က လာမယ့် ၆ လအတွင်းမှာ အပြီးထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့တဲ့အတွက် နောက်နှစ်က စပြီးတော့ 5G Modem သုံးထားတဲ့ Processor နဲ့ စမတ်ဖုန်းတွေကို မြင်ရတော့မှာပါ။
ဘာပဲပြောပြော 1Gbps Download Speed ရမယ့် 5G စမတ်ဖုန်းတွေကတော့ နီးစပ်လာပါပြီ။

MediaTek 5G | Ecency