Huawei ရဲ့ Mate Series စမတ်ဖုန်းတွေဟာ ပုံမှန်အားဖြင့် Samsung Galaxy Note Series တွေလိုမျိုးပဲ နှစ်အစပိုင်းမှာကြေညာတတ်တဲ့ Huawei P Series ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ ပြောလို့ရပါတယ်။
အခုအချိန်မှာလည်း Huawei ကနေ ဒီနှစ် နှစ်ဝက်နောက်ပိုင်းလောက်မှာ ထွက်ရှိလာမယ့် Huawei Mate 20 စမတ်ဖုန်းအတွက် သတင်းတွေပေါက်ကြားလာခဲ့ပြီပဲဖြစ်ပါတယ်။
အဲ့ဒါကတော့ Huawei Mate 20 ရဲ့ Display ပတ်သတ်ပြီး သတင်းတွေထွက်ပေါ်လာတာဖြစ်ပြီးတော့ Huawei ဟာ သူတို့ရဲ့ Mate 20 စမတ်ဖုန်းမှာ ကြီးမားတဲ့ 6.9″ AMOLED Display ကိုအသုံးပြုလာမှာဖြစ်ပြီးတော့ အဲ့ဒါကလည်း Samsung ကနေ မှာယူထားတယ်လို့ သိရပါတယ်။
အခုလိုမျိုး Huawei Mate 20 က 6.9″ Display ကို အသုံးပြုလာမယ့်အတွက် Samsung Galaxy Note 9 ရဲ့ 6.38″ Display ၊ iPhone အသစ်ရဲ့ 6.46″ Display တွေထက်တောင် ပိုကြီးလာမယ်လို့ ယူဆရပါတယ်။
Huawei Mate 20 စမတ်ဖုန်းမှာ 7nm Architecture ကို အသုံးပြုထားတဲ့ Kirin Processor အသစ်ကိုလည်း အသုံးပြုလာဦးမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာလည်း လက်ရှိ Qualcomm Snapdragon 845 သုံးထားတဲ့ ဖုန်းတွေထက် ပိုကောင်းမွန်နေဦးမှာပါ။