လူပြန်တော်

heinzaw(42)
Published in
#life
Words
237
Reading
2 min
Listen
Play
8y

"အိုင်ဆေး ဂွတ်မောနင်း..ဦးသုန္ဒရ ဟလို..မောနင်း ဦးပညာ"
"ဟောင်းဒူးယူဒူး”
“ကြိုက်တာလ်သင်းကြူ၊ ဝမ်းသာတယ် ကိုယ်တော်၊ ဘယ်တုန်းက ရောက်လာသလဲ” ဟု ဦးပညာသည်
ဦးသုန္ဒရအား ခေတ်ဆန်ဆန် ဆီးကြို နှုတ်ဆက်လိုက်လေ၏။ တောက ရောက်ခါစဖြစ်သော အနီးရှိ ဦးကဝိန္ဒမှာကား
ပါးစပ်ဟောင်းလောင်းနှင့် မောနားထောင် ရယ်မောရင်း- "အောင်မယ် ကိုယ်တော်တိုက အင်္ဂလိပ်စကားထဲမှာ
ဝမ်းသာတယ် ဆိုတာတော့ တပည့်တော်တို့ ဗမာစကားနဲ့ သိပ်တူတာပဲနော်”ဟု ပြောလိုက်ရာယခင်ကိုယ်တော်နှစ်ပါး
ထပ်၍ ရယ်မောကြပြန်လေ၏။IMG_20180612_060807.jpg
ဦးသုန္ဒရမှာ မန္တလေး ခင်မကန်တိုက်တွင် လက်ထောက်စာချပုဂ္ဂိုလ် (ကိုးဝါကျော် ရရှိပြီး ဖြစ်၍
ရွယ်တူစာသင်ဖက် ဦးပညာမှာ ပခုက္ကူမှ ပြန်ကြွလာသော ပုဂ္ဂိုလ်ဖြစ်လေ၏။) ထိုကိုယ်တော်နှစ်ပါးမှာ သတင်းဂျာနယ်
မဂ္ဂဇင်း အကြည့်အရှုဝါသနာ ပါကြသည်မှာ တစ်နှစ်သာသာမျှ ရှိသေးသော်လည်း နှစ်ပါးစလုံး ပဌမကြီးအောင်မြင်ပြီး
မြန်မာစာဘက်ကလည်း အတော်တီးခေါက်မိကြ သောကြောင့် ဦးသုန္ဒရမှာ (ရွှေကုန်ခင်ခင်) ဦးပညာမှာ (ရွှေတိုင်ညွန့်)
အမည်နှင့် စာရေးဖက်ဖြစ်လေ၏။ အပြင်က မဂ္ဂဇင်း ကြည့်သူတို့မှာကား အဟုတ် မိန်းမများ
ဝင်ရောက်ရေးသားလေသလားဟု ထင်မှားကြလေ၏။ အစပထမ၌ကား ကိုယ်တော်နှစ်ပါးမှာ စာသင်ဘက်သို့သာ

ဦးသုန္ဒရမှာ မန္တလေးမှ ပြန်ကြွလာသော ပုဂ္ဂိုလ်ဖြစ်လည်း နှစ်ပါးစလုံး ပဌမကြီးစိတ်စွဲ ဝါသနာပါလွန်းသောကြောင့် ဘောပွဲ၊ ရုပ်ရှင်ပွဲ၊ အငြိမ့်ပွဲများသို့ တစ်ခါတစ်ခေါက်မျှ သွားရောက်
ရှ၍စားတော်မူလေ့ မရှိကြချေ။ ထိုအလုပ်သည်လည်း ရဟန်းတော်တို့နှင့် အလွန်မစပ်အပ်သော အလုပ်ဟု
မှတ်ထင်တော်မူခဲ့ကြလေ၏။JPEG_20180504_115656.jpg ထို့အတူ အင်္ဂလိပ်စာများမှာလည်း သာသနာ့ဝန်ထမ်း ရဟန်းတော်တို့ မသင်အပ်ဟု
အမြဲခုခံ ပြောဆိုခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြလေ၏။ သို့ရာတွင် အင်္ဂလိပ်ဘာသာတတ်ကျွမ်းပါက ကမ္ဘာလှည့်ကာ
သာသနာပြုနိုင်သည် ဟူသော အချို့ ပုဂ္ဂိုလ်တို့စကားကြောင့် စိတ်ဝင်စားကာ စီအေတီ ကတ် ကြောင်က စ၍
နက်ဖီး သဒ္ဒါစာအုပ်များကုန်အောင် ညဝါ တက်တော်မူခဲ့ကြလေ၏။ ထိုသို့သင်ကြားတော်မူခဲ့ကြခြင်းသည်။
ဘာသာခြား လူအမျိုးမျိုးအား သာသနာပြုရေးအတွက် အထောက်အပံ့ မရဘဲ ဘုရားသားတော် အချင်းချင်း
မလျော်ကန်သော နှုတ်ဆက်ပြောဆိုခြင်းဖြင့် အသုံးပြုတော်မူကြလေ၏။
မန္တလေး သံဃာ့သမဂ္ဂအဖွဲ့ကြီး အစိတ်စိတ်အမြွာမြွာ ကွဲကတည်းက ရုပ်ရှင်ပွဲ၊ ဘောပွဲ၊ အငြိမ့်ပွဲများသို့
မသွားရဟူသော စည်းမျည်းများ ပျက်ပြားကာ ဝါဝါဝတ် ကိုယ်တော်တို့ မရောက်သောနေရာဟူ၍ မရှိအောင်
ဖြစ်နေလေ၏။ ဦးသုန္ဒရ နှင့် ဦးပညာတို့မှာလည်း အနီးအနား ရဟန်းတော်များကဲ့သို့ အသွားအလာ မဆင်ခြင်ဘဲ
ထင်မြင်ရာ ပြုတော်မူ၍ နေကြလေ၏။ ဘောလုံးပွဲ လည်း နှစ်ပါးတစ်တွဲ၊ သုံးပါးတစ်တွဲ ရုပ်ရှင်ပွဲ၌ ရှေ့က
တိုးဝှေ့တော်မူကြလေ၏။ ရဟန်းတော်တို့ကား ရဟန်းသာဖြစ်၍ ပုထုဇဉ်မျှသာတည်း။ ရုပ်ရှင်ပွဲတွင်
ထိုင်လိုက်သောအခါ နန်၊ ခင်ခင်၊ တင်တင် တို့ထံမှ ဈာန်သဘောဖြင့် ပျံလျှာထွက်လာကြသော ရေမွှေးနံ့၊ပေါင်ဒါနံ့တို့သည် ကိုယ်တော်တို့ နှာဝတော်တွင် အသုဘသညာ ဖြစ်နိုင်မည်လော။ အရုပ်အဆင်း၊ အနံ့
စသည်တို့သည် ၃၂-ကောဋ္ဌာသကောင်တွေဟု ကမ္မဋ္ဌာန်း ရှုနိုင်ကြမည်လော၊ ဤကဲ့သို့တွေ့ရ
ကြုံရဖန်များလာသောအခါ ကိုယ်တော်တို့၏ စိတ်ဓာတ် တုန်လှုပ် ဖောက်ပြားလာမည်ကား မလွဲတော့ပေ။ အချို့
ကိုယ်တော်များမှာ ဖောက်ပြားလို သော်လည်း ဝမ်းရေးခက်သဖြင့် အရှက်ကို ငဲ့ကာ တကယ့် သူတော်စင်ကဲ့သို့
အောင့်အည်း နေထိုင်တော်မူကြရလေ၏။ ဦးသုန္ဒရ နှင့် ဦးပညာမှာကား စာလည်း စာတတ်၊ တရားဟောလည်း
အကောင်း၊ ကျောင်းဆောက် ကိုးကွယ်လိုသူတို့လည်း ပေါသောကြောင့် လောကအတွင်း ချဉ်းနင်း ဝင်ရောက်လျှင်
တစ်ဂုဏ်မောက် နိုင်သည်ဟု တွေးထင်တော်မူကြလေ၏။
(ထိုသို့ကား ရဟန်းတော်တိုင်း မဟုတ်၊ ရုပ်ရှင်၊ ဘောပွဲ၊ ကိုယ်တော် အနည်းငယ်နှင့် ထိုကိုယ်တော်နှစ်ပါး၏
အကြောင်းမျှသာဖြစ်ပေ၏။ သံဃာတော် တစ်သောင်းကျော် မန္တလေးတွင် သီတင်းသုံးတော်မူရာ အနည်းငယ်မျှသော
ကိုယ်တော်တို့အတွက် သံဃာအများကို မပုတ်ခတ်စကောင်း၊ စေတနာ မပျက်စကောင်းပေ။ ဝတ္ထုရေးဆရာ)

လူပြန်တော် | Ecency