IOS 12 Time limit Feature

heinzaw(42)
Published in
#ios
Words
161
Reading
1 min
Listen
Play
8y

Apple က WWDC 2018 Event မှာ ကြေညာသွားတဲ့ iOS 12 မှာ အလွန်ကောင်းမွန်တဲ့ Feature တစ်ခုကို ထည့်သွင်းလာမယ်လို့ သိရပါတယ်။ အဆိုပါ Feature ကို Screen Time လို့ခေါ်ဆိုပြီးတော့ အဆိုပါ Feature က Android P ရဲ့ Digital Wellbeing လိုမျိုးပဲ iPhone Battery Setting ထဲမှာ ဘယ် App ကို ဘယ်လောက်အထိ အသုံးပြုနေလဲဆိုတာကို သိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် Google လိုမျိုး App Timer တွေ၊ Wind Down Feature တွေတော့ ပါဝင်လာဖွယ်မရှိပါဘူး။
IMG_20180602_062606.jpg
iOS 12 ဟာ Stable Version ကို လာမယ့် စက်တင်ဘာမှာ ထုတ်ပေးဖို့ စီစဉ်ထားတဲ့အတွက် Android P ထွက်ရှိပြီး ရက်သတ္တပတ်အနည်းငယ်မှာ အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ရဲ့ Android ရော၊ Apple iOS ရော လက်ရှိအချိန်မှာ ဖုန်းအသုံးပြုတာ အရမ်းများပြားနေမှုကို လျော့ချဖို့ ကြံစည်နေတာဖြစ်ပါတယ်။

အခု Screen Time Feature ဟာ ကိုယ့်အနေနဲ့ Social Media App တွေအပေါ် အချိန်အများကြီးဖြုန်းနေမိတာကို ချက်ချင်းပြန်သိနိုင်မယ့်အပြင် ဘယ်လောက်ပဲ သုံးမယ်ဆိုပြီး ကန့်သတ်နိုင်တဲ့ Time Limit Feature လည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။
IMG_20180625_085236.jpg
ဒါ့အပြင် iOS 12 မှာ ယခင်ထက်ပိုပြီး အဆင့်မြင့်လာတဲ့ AR Platform တစ်ခုပါဝင်လာမှာဖြစ်ပြီးတော့ Apple ရဲ့ ARKit က Google ရဲ့ AR Core ထက် သာလွန်လာတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် iOS 11 ထွက်တုန်းက Performance Bug တွေရှိခဲ့တဲ့အတွက် ဒီနှစ် iOS 12 မှာတော့ Speed ၊ Stability တွေကို အဓိကထားသွားမှာပါ။

Apple ဟာ မကြာသေးမီကမှာ iOS 11.4 ကို ထုတ်ပေးခဲ့ပြီး AirPlay 2 နဲ့ iCloud Messages တွေကို မိတ်ဆက်ခဲ့တဲ့အတွက် iOS 12 ဟာလည်း Apple User တွေအတွက် စောင့်မျှော်ရဦးမယ့် Update တစ်ခုဖြစ်လာဦးမှာပါ။
photo@photo ,apple & google.com

IOS 12 Time limit Feature | Ecency