Apple က အမေရိကန်မှာ ဆောင်းရာသီတွင် ထည့်သွင်းပေးမယ့်
Ios 12 ရဲ့ စွမ်းရည်အသစ်တစ်ခုကို ကြေညာလိုက်ပါတယ်။ အဲ
ဒါကတော့ 911 ကို ဖုန်းခေါ်နေစဉ်အတွင်း အိုင်ဖုန်းရဲ့ တည်နေ
ရာကို အလိုအလျှောက် မျှဝေတဲ့ စွမ်းရည် ဖြစ်ပါတယ်။ ရည်ရွယ်
ချက်ကတော့ ရှင်းပါတယ်။
အချက်အလက်များကို ရသလောက်များများ ပံ့ပိုးပေးဖို့ ဖြစ်ပါတ
ယ်။ Apple က အမေရိကန်မှာ အရေးပေါ် ဖုန်းခေါ်ဆိုမှုအားလုံး
ရဲ့ ၈၀ ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းများကနေ ဖြစ်တယ်လို့ ပြောပါတ
ယ်။ ဒါပေမယ့် 911 Centers များရဲ့ ဒိတ်အောက်နေတဲ့ ပစ္စည်း
များကြောင့် ဖုန်းခေါ်သူရဲ့ တည်နေရာကို လျှင်မြန်စွာ ရယူဖို့ ခက်
ခဲနေပါတယ်။
၂၀၁၅ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ Hybridized
Emergency Location (HELO) ကို အခြေပြုပြီး အဲဒီ စွမ်းရည်
ကို ios 12 မှာ ဖန်တီးထားပါတယ်။ ဒီနည်းပညာဟာ 911
Centers များစွာမှ ဆော့ဖ်ဝဲများနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ပါတ
ယ်။ ဒီနည်းပညာဟာ လူတိုင်းအတွက် အနာဂတ်မှာ 911
Center များကို ဖုန်းခေါ်တဲ့အခါမှာ များစွာ အကူအညီပေးလာနိုင်
မှာ ဖြစ်ပါတယ်။ လူ့အသက်များကို ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတ
ယ်။ လို့ Apple က ရေးသားထားပါတယ်။
Apple က ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက်လည်း စိတ်မပူဖို့
ပြောခဲ့ပါသေးတယ်။ အရေးပေါ် ဖုန်းခေါ်ဆိုမှု မဟုတ်ရင် User
Data များကို လုံးဝ ရယူမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
Source