Gogle Just A Line AR App

heinzaw(42)
Published in
#review
Words
127
Reading
1 min
Listen
Play
8y

Google ကနေ Augmented Reality လို့ခေါ်တဲ့ AR နည်းပညာကို အသုံးပြုထားတဲ့ Application အသစ်တစ်ခုကို Google Play Store မှာ အသစ်ထုတ်ပေးလိုက်ပါတယ်။ အဆိုပါ App ကို Just a Line လို့ နာမည်ပေးထားပြီးတော့ သူရဲ့ လုပ်ဆောင်ချက်က လေထဲမှာ မျဉ်းကြောင်းဆွဲဖို့သီးသန့်ပါ။IMG_20180617_161622.jpg

Just a Line ဆိုတဲ့အတွက် အဖြူရောင် မျဉ်းကြောင်းတွေပဲဆွဲလို့ရမှာဖြစ်ပြီးတော့ Google ကတော့ အခု Application ကို AR စမ်းသပ်မှုတစ်ခုလို့ပဲ ပြောကြားထားခဲ့ပါတယ်။ Google ဟာ အခု App ကို ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာကိုပါ ပြောကြားခဲ့ပြီး Snapchat Filters တွေနဲ့ Instagram Stories မှာလိုမျိုး လေထဲမှာ ကိုယ်ဆွဲချင်တဲ့ ကြယ်ပုံ၊ ငါးပုံတွေကို ဆွဲနိုင်မှာပါ။ ဒါပေမယ့် အခု App က AR နည်းပညာကို အသုံးပြုတာဖြစ်တဲ့အတွက် တခါတရံမှာ ဆွဲလိုက်တဲ့ မျဉ်းကြောင်းတွေက ပိုပြီးတော့ သဘာဝကျပြီး ဆန််းသစ်နေမှာပါ။IMG_20180617_161631.jpg

Google ကနေ ယခင်တုန်းက Tilt Brush အမည်ရှိတဲ့ VR Headset တွေနဲ့ အသုံးပြုရတဲ့ 3D Paint Application တစ်ခုကိုလည်း ထုတ်ခဲ့ဖူးပြီး အခု App ဟာလည်း အဆိုပါ App လိုပဲ AR စနစ်ကို စမ်းသပ်အသုံးပြုနိုင်ဖို့အတွက် ထုတ်ပေးတာဖြစ်နိုင်ပါတယ်။

အခု Application ဟာ စမတ်ဖုန်းတိုင်းနဲ့တော့ အဆင်ပြေဦးမှာမဟုတ်ပဲ Google ရဲ့ AR Core ကိုထောက်ပံ့ပေးနိုင်တဲ့ Google Pixel 2 ၊ OnePlus 5 ၊ Zenfone AR ၊ LG V30 အပါအဝင် Samsung Galaxy Phones တွေနဲ့ဲပဲ အဆင်ပြေဦးမှာပါ။
Source

Gogle Just A Line AR App | Ecency