မောင်းသူမဲ့ကားတွေဟာ အခုအချိန်မှာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီဖြစ်ပါတယ်။ မောင်းသူမဲ့ကားတွေက ရုပ်ရှင်ထဲမှာပဲတွေ့နေတာမျိုး၊ ကားကုမ္ပဏီတွေက စမ်းသပ်နေတာမျိုးမဟုတ်ပဲ လက်တွေ့ဘဝမှာပါ အသုံးချနေတဲ့သူတွေအများအပြားရှိနေပါတယ်။
အခုအချိန်မှာတော့ အမေရိကန်နိုင်ငံ မီယာမီမြို့မှာ မောင်းသူမဲ့ကားတွေဟာ Amazon ကနေ ပစ္စည်းမှာတာပဲဖြစ်ဖြစ်၊ ပီဇာ လာပို့တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီဖြစ်ပါတယ်။ မှန်ပါတယ်၊ ပီဇာကို မောင်းသူမဲ့ကားအသုံးပုပြီး လိုက်ပို့ပေးနေတာပါ။
အခုအစီအစဉ်က အမေရိကန်ကားကုမ္ပဏီ Ford နဲ့ ပီဇာကုမ္ပဏီ Domino တို့ရဲ့ ပူးပေါင်းမှုဖြစ်ပြီး လက်ရှိအချိန်မှာ မီယာမီ မြို့ထဲ နဲ့ ကမ်းခြေတလျှောက်ကို ပီဇာတွေ မောင်းသူမဲ့ကားတွေနဲ့ လိုက်လံပို့ဆောင်နေပြီပဲဖြစ်ပါတယ်။ Ford ကတော့ အခြားသော မြို့တွေကိုပါ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါသေးတယ်။
အခုလိုမျိုး ပီဇာကို မောင်းသူမဲ့ကားနဲ့ လိုက်ပို့တာက လက်ရှိအချိန်မှာ ပီဇာမှာယူတဲ့ ကျပန်း Customer ကို ပေးပို့နေတာဖြစ်ပြီး ပီဇာမှာယူထားတဲ့သူတွေအနေနဲ့ တံခါးခေါက်ပြီး ပီဇာရောက်ကြောင်းမပြောဘူးဆိုရင် မောင်းသူမဲ့ကားပေါ်က ပီဇာကို ကိုယ်တိုင်သွားယူရမှာပဲဖြစ်ပါတယ်။ Ford ကတော့ အခုစနစ်က လာပို့တဲ့ Delivery သမားကို မုန့်ဖိုးပေးရတဲ့ ကိစ္စမရှိစေတော့ဘူးလို့ ပြောကြားထားပါတယ်။
အခုမောင်းသူမဲ့ကားတွေကို နောက်ကွယ်ကနေ Ford ကုမ္ပဏီက အမြဲတမ်း အချိန်ပြည့်စောင့်ကြည့်ပြီး မတော်တဆမှုမရှိရအောင် ဆောင်ရွက်နေတယ်လို့လည်း သိိရပါတယ်။
Source