Chinese Polices use Face Recognition

Words
74
Reading
1 min
8y
Listen to this post
~1 min

တရုတ်နိုင်ငံမှာရှိတဲ့ရဲသားတွေက ပြီးခဲ့တဲ့လတုန်းက စတင်ပြီးတော့ သံသဃရှိတဲ့သူတွေ၊ စာရွက်စာတမ်းအတုတွေနဲ့ ခရီးသွားချင်တဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် Facial Recognition ပါဝင်တဲ့ နေကာမျက်မှန်တွေကို စတင်ပြီး စမ်းသပ်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။IMG_20180616_055516.jpg

အခုအချိန်မှာတော့ တရုတ်နိုင်ငံမှာရှိတဲ့ ရဲဌာနတွေဟာ ပေကျင်းမြို့အပြင်ဘက်မှာရှိတဲ့ ပြည်နယ်တွေမှာပါ စတင်ပြီးအသုံးပြုတော့မှာဖြစ်ပါတယ်။ အခုအစီအစဉ်ဟာ တရုတ်သမ္မတ Xi Jinping ရဲ့ ပါလီမန်ဆုံးဖြတ်ချက်ကြောင့် လုံခြုံရေးတိုးမြှင့်ဖို့အတွက် ပြုလုပ်တာပဲဖြစ်ပါတယ်။IMG_20180616_055526.jpg

တရုတ်နိုင်ငံ ရဲဌာနဟာဆိုရင် Henen အုပ်ချူပ်ခွင့်ရဒေသမှာရှိတဲ့ မြို့ကြီးဖြစ်တဲ့ Zhengzhou မှာရှိတဲ့ ရထားဘူတာတွေမှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရဲတွေဟာ သံသဃရှိသူ ၇ ယောက်နဲ့ စာရွက်စာတမ်းအတုနဲ့ ခရီးသွားတဲ့သူ ၂၆ ယောက်ကို အခု Facial Recognition စနစ်ပါဝင်တဲ့ နေကာမျက်မှန်ကို အသုံးပြုပြီး ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Facial Recognition နေကာမျက်မှန်ဟာ Mobile Unit တစ်ခုကနေ ထိန်းချူပ်တာဖြစ်ပြီး ဒေါ်လာ ၆၃၆ (သို့မဟုတ်) ၃၉၉၉ ယွမ် ကျသင့်မှာဖြစ်ပြီးတော့ Facial Recognition စနစ်အတွက် အပိုထပ်မံပေးချေရမှာဖြစ်တယ်လို့သိရပါတယ်။

Chinese Polices use Face Recognition | Ecency