ငါးပိရည်တို့၍တော့ ကောင်း၏။ သူ အမှတ်ထားမည်ဆိုလျှင် ဒီငါးပိချက်မျိုးနှင့် ခရမ်းသီးပြုတ်မျိုး တို့ခဲ့ရသည်မှာ ထမင်းအနပ်ပေါင်း
မရေတွက်နိုင်တော့ပြီ။ သို့သော် “တွေ့သမျှစားဟ၊ ရသမျှကြိတ်' ဟူသော ဆင်းရဲသားငါဒဖြင့် ကိုမောင်ချိုသည် ဆောင့်ကြောင့်ထိုင်၍ ဟဲလိုက်ရာ
ပါးစပ်ထဲ စားလိုက်ငါးလိုက်ရသည်ဟု တယ်မထင်လှပါဘဲနှင့် ထမင်း နှစ်ပန်းကန်လောက် ပျောက်သွားလေသည်။
ဗိုက်ပြည့်သောအခါ၌ ကိုမောင်ချိုသည် ကြမ်းပြင်ထသွား၍ ရေမှုတ်နှင့်ရေသောက်၊ နောက် ပန်းကန်ဆေးပြီး သူ့ပခုံးပေါ်ရှိ ပုဆိုးနှင့်
လက်သုတ်ကာ ထိုပုဆိုးကိုပင် ခေါင်းမှာရစ်လိုက်သည်။ ပြီးလျှင် အိမ်ထဲပြန်ဝင်ကာ ကွမ်းတစ်ယာ ယာ၍ ပါးစပ်ထဲငံ၊ ကွမ်းထုပ်ကို
ခါးပိုက်ထဲထည့်ပြီးသကာလ ဓားမကိုဆွဲလျက် အိမ်ပေါ်မှဆင်းခဲ့တော့၏။
"မမြင့်ရေ.… ငါသွားပဟေ၊ သာကျော်ကြီး မှာထားတယ်၊ သူလာရင် ငါ မောင်တင်လေးခြံထဲ ဝါးခုတ်သွားတယ်ပြောလိုက်”
အိမ်ရှေ့ရောက်တော့ ဇနီးအား မှာကြားခဲ့သေးသည်။ ဇနီးသည်ကတော့ ထုံးစံအတိုင်း ဘာမျှပြန်မပြောချေ။ သို့သော် ကိုမောင်ချို
မောင်တင်လေးခြံသို့မရောက်မီ နောက်မှ ခြေသံဖုတ်ဖုတ်ကြားရ၍ အသက် ၂၀ ခန့် လူငယ်တစ်ယောက်
“ကိုလေး.. ကိုလေးချို.…”
ကိုမောင်ချို ရပ်ကာ ပြန်လှည့်၍
“ဟ.. ဘာလဲကွ မောင်ချော"
"အရှေ့ဘက်တန်းက ဒေါ်ကျော့ခင်းအိမ်မှာ ရောင်းဖို့ နွားရောက်နေတယ် ပြောတယ်။ အဲဒါ အမေက နင့်ကိုလေးချိုခေါ်ပြီး
သွားကြည့်စမ်းပြောလို့၊ လာပါ ခုသွားကြည့်ရအောင်... ကိုလေးချို၊ မောင်းတက်ဝါး နောက်ပြီး ကျွန်တော်ပါလိုက်ကူခုတ်ပေးမှာပေါ့"
ကိုယ့်ကို အားကိုးတကြီး ဆရာလာ၍မှီးပြန်တော့လည်း မနေသော၊ နို့ပြီး ဒီကောင်လေးတွေက နွားအကြောင်းကို ဘာမျှ နာဂမလည်သေး။
သူတို့ ဒီနှစ် နွားတစ်ကောင်ဝယ်ဖို့လိုနေတာ ကိုယ်ကြည့်လုပ်ပေးမှသာ ဖြစ်တော့မည်။ ကိုယ့်ပေါက်ဖော်သားချင်းကလေးတွေ။
ကိုမောင်ချို နောက်ကြောင်းလှည့်ကာ အရှေ့ဘက်ရွာသို့ ပါသွားရသည်။"ဘယ်ကနွားတဲ့လဲကွ"
"ထိန်ကုန်းရွာက သူတို့ဆွေမျိုးနွားတွဲ၊ နက်ဖြန် နွားပွဲချသွားမလို့တဲ့"
“မင့်အစ်ကို မင်းကျော်ကော"
“ပျဉ်ပုံကြီးသွားတယ်၊ သူလည်း နွားကောင်းကောင်း နားမလည်သေးပါဘူး၊ ကိုလေးချိုပြီး ပြီးပါတယ်”
“အေး.. မလည့်တလည်နဲ့ ငါဝယ်ပေးတဲ့နွား၊ ဘာလေး ညာလေး နတ်သူငယ်သံနဲ့ စာစာ စာစာ လျှောက်ပြောရင်တော့ ငယ်ထိပ်
နှောနဲ့ အထုပဲကွာ”
"အဟီးဟီးဟီး သူပြောပါဘူး ကိုလေးရဲ့
သို့ဖြင့် တယ်ပြီးမဝေးလှသော ဒေါ်ခင်အိမ်ရောက်၍ အဘွားကြီးက မျက်ခုံးပေါ် လက်ဝါးကာ ကြည့်၍...
“ဟဲ့... မောင်ချိုပါလား၊ ဘာကိစ္စလာကြသလဲ"
"ခင်ဗျားတို့အိမ် ရောင်းဖို့ နွားရောက်တယ်ကြားလို့ ဟောဒီ မောင်ချောတို့ဖို့ လာကြည့်တာ”
"ဟယ်.. ကူကြီးခြံထဲ ထပ်တိုက်တဲ့ဟယ်၊ ခုပဲ သူငယ်လေးနဲ့ လှည်းတပ် ထွက်သွားကြလေရဲ့၊ လိုက်သွားကြပါလား။ သူတို့ တာခွက
အကြော်တဲမှာ ရှိနေဦးမယ်ထင်တယ်"
ပါသွားရပြန်လေသည်။
"လာဗျာ.. ကိုလေးချိုး၊ လှည်းတပ်ထားတုန်း ကြည့်ရတာကောင်းတာပေါ့”ဆို၍ မောင်ချောက တွဲခေါ်သည်ကို မောင်ချို တာလမ်းဘက်သို့
မြင်ရတော့၏။
သို့သော် အကြော်တဲတွင် ဒေါ်ကျော့ခင်၏ သူငယ်လေး ငရူးတို့လှည်း မရှိတော့ချေ။ ခပ်လှမ်းလှမ်းမှာ ဖုံတထောင်းထောင်းသာ