"ဒါဖြင့် သာကျော်ကြီးရှာပြီး လွှတ်လိုက်စမ်းကွာ၊ ထန်းပင် မောင်းတက်ဆွဲတော့ သူ့ကူခိုင်းရဦးမယ်"
ကိုမောင်ချိုသည် ဓားကို အားရပါးရသွားသည်။ ထန်းကိုင်ရမည်ဆိုတော့ ဆုံးဖြတ်ဖို့ အလွန်လိုသည်။ ဤ သွေးပြီးနောက်
ထန်းလှီးဓားကို ခြေသလုံမွေးကျအောင် သွေးရဦးမည်။ အင်း... ဒီနေ့တော့ မလိုသေးပါဘူး။ ပထမ အရေးကြီးတာက မောင်းတက်ဝါးခုတ်ပြီး
ထန်းပင်ချိတ်ဆွဲဖို့၊ နောက် ထန်းပင်ပေါ်တွင် ခုတ်ထွင်ရှင်းလင်း၍ ထန်းရွာများနင်းဖို့။
ထန်းရည်နင်း
ပေါက်ကင်းတဲ့လဲထန်းဖိုကင်း၊ ထန်းရည်နင်းသည်နှင့်လေး။
စသည်ဖြင့်...။
ထန်းရည်ခံရန်၊ ထန်းရွာတို့ကိုနင်း၍ ထန်းစကိုထုတ်ကာ ပြုပြင်ကိုင်တွယ်သည်ကို ရှေးပညာရှင်များက “ထန်းရည်နင်း'သည်ဟု
ဆိုကြသည်။ ဤထန်းရည်နင်းသည်ကို တပို့တွဲလဘွဲ့ဖွဲ့ဆိုကြသည်။ မှန်ပါသည်။ တပို့တွဲလမှာ ထန်းဖိုက အရင်စကိုင်ရသည်။ ထန်းမက
ယေဘုယျအားဖြင့် ထန်းဖိုထက်နောက်ကျ၍ တပေါင်းလလောက်မှ ကိုင်ရတတ်ပါသည်။ တပေါင်းလတွင်ကား ထန်းဖိုရော ထန်းမရည်ရော
နှစ်မျိုးစလုံး ရလေသည်။"ဟေ့.. တပေါင်းလလို့ ဘာကြောင့် ခေါ်သလဲသိလား” ထန်းသမားကြီး ဦးမောင်က ပြောလေ့ရှိပါသည်။ “ထန်းဖိုရည်၊ ထန်းရည်မ
နှစ်ခုပေါင်းလို့ ထန်းပေါင်းလ၊ တပေါင်းလလို့ ခေါ်ကြတာကွ.. မှတ်ထား"
ကဲ... ဘယ်သူငြင်းချင်သနည်း။
ထန်းသမားကြီး ဦးမောင်သည် သူ့ကို တစ်နာရီလောက်ကြာကြာ စိတ်တိုင်းကျသွေးပြီးမှ ထိုင်ရာက ထလိုက်တာ.….
“မမြင့်ရေ.. ငါ မောင်းတက်ခုတ်သွားမယ္”ဟု နှုတ်ဆက်လိုက်၏။ သည်အခါတော့ သူ့မယားချောက စကားပြောလာ၏။
"တော့်နှယ် ဘယ်အချိန်ရှိပလဲ၊ ထမင်းစားသွားပါတော့လား 20
ဒီတော့မှ ကိုမောင်ချိုက ထမင်းစားဖို့ သတိရကာ...
"အေး.. ဟုတ်သားပဲ၊ ဘာဟင်းချက်လဲဟ”
နေရသေး"
“ဘာဟင်းချက်နေရမလဲ၊ မြေပုံသီး ငါးပိချက်ပေါ့” သူ့ချစ်ဇနီးက ပြေပြစ်စွာ ပြန်ပြော၏။ “ကိုယ့်ဒီရာသီမှာ ဒါပဲစားစရာရှိတာ၊
ကိုမောင်ချိုက အလျှော့ပေးသံဖြင့်..
"အေးဟာ နို့ ဘာတို့စရာလဲ"
တို့စရာကတော့ ပြောင်းတန်ကောင်းရဲ့ ပေါ့။ ဤတွင် သူ့ဇနီးက ခရာ လိုက်ပါ၏။
"ထမင်းပွဲရောက်တော့ ကြည့်တော်
တောင်ဆုပ်မှုမြင့်သော မည်းညစ်ညစ် ထမင်းစားပွဲဝိုင်းပေါ်တွင် ငါးပိရည် ပန်းကန်လုံးနှင့်ယှဉ်၍ သံပန်းကန်ပြားထဲမှာ
ခရမ်းသီးပြုတ်ကလေးများ စုပြုံနေကြသည်။ ခြံထဲမှ နွေခရမ်းဖြစ်၍ ပိုးပေါက်နှင့် ကောက်ချိတ်ချိတ်ကလေးများဖြစ်သော်လည်း မာပြီးချို၍