ထန်းလက်၊ ထန်းရွာကြားမှ ထွက်ပြူစ ထန်းစကလေးသည် ကြက်တူရွေးတောင်ကဲ့သို့ စိမ်းမြနေ၍ ကျေးတောင်ဝိုက်'တဲ့။
ထိုကျေးတောင်အောက်မှ သီးတံအစွန်ကလေးပေါ်လာတော့ တောက်တဲ့ခေါင်းပြုလာသည်နှင့်တူ၍ 'တောက်တဲ့ခေါင်း'တဲ့။ ဤမှတစ်ဆင့်
ခိုင်ထွက်ပြီး သီးလုံးကလေးတွေ ပီသလာတော့ သီးလုံးပေါ်'။
ထန်းမကို ထန်းရည်ချရာတွင် ဤသီးလုံးပေါ်ကစ၍ ကိုင်ရလေသည်။ ထို့ကြောင့် ကိုမောင်ချိုက အဆင်သင့်ပဲဟု ပြောခြင်းဖြစ်သည်။
ယခု နှစ်စမျှ သီးလုံးပေါ်ကစ၍ထု၊ ဤအခိုင်ကလေးများ လှီးဖြတ်ရတော့ တောက်တဲ့ခေါင်းက သီးလုံးပေါ်ဖြစ်လာမည်။ ကျေးအောင်စိုက်က
တောက်တဲ့ခေါင်းထွက်လာမည်။ ထန်း ၄-၅-၈ စသည် ဤနှုန်းဖြင့် အလျဉ်းသင့် ဖြစ်လာပေသည်။ တစ်ပတ်အတွင်းမှာ ထန်းရည်ကျတော့မည်။
ကိုမောင်ချိုသည် ကာလသား ထန်းတက်သမားတစ်ယောက် ဖြစ်ခဲ့သည်။ ရှေးယခင်က ထန်းပင်ပေါင်း အစိတ်၊ သုံးဆယ် တက်၍
အသက်မွေးခဲ့ဖူးသည်။ ထန်းသမားအလုပ်သည် ဘာပြောပြော ကျေးရွာတွင် ငွေကြေးချောင်လည်၍ မျက်နှာပွင့်လင်းသူ ဖြစ်သည်။
"ထန်းရည်သောက်တတ်တဲ့ လူတွေဆိုရင် ကိုယ့်အောက်ကချည်းပေါ့ကွ၊ ငါ ထန်းပင်ပေါ်နေတုန်း သူတို့က အောက်လာလာပြီး ရဦးမလား၊
တစ်ပုလင်းပေးပါ။ နှိပ်ပုလင်းပေးပါနဲ့ တောင်းရသကိုးကွ၊ ဟဲ.. ဟဲ...”
ကိုမောင်ချို၏ ပြက်လုံးရွှင်လုံးကလေးဖြစ်သည်။ ကျေးရွာတွင် ထန်းတက်ခြင်းအလုပ်ကို အထက်တန်းစားအလုပ်'ဟူ၍လည်း
ပြောတတ်ကြသည်။
ယင်းအလုပ်ကို ကိုမောင်ချို မက်မောခဲ့ပါ၏။ သို့သော် ယခု အသက် ၅၀ ကျော်လာတော့ အရာချဉ်းလာသော သူ၏ခြေလက်အင်္ဂါတို့က
ထန်းပင်ပေါင်းများစွာတို့အား ပင်တိုင်းစေ့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဆင်းတက်ရန်တို့ကို ငြင်းဆိုလာလေသည်။ ထို့ကြောင့် သူသည်
ထန်းတက်အသက်မွေးခြင်းအလုပ်ကို စွန့်လွှတ်လိုက်ရကား တစ်နှစ်မှာ တပ်ပင်နှစ်ပင်လောက်သာ ကိုယ်သောက်ဖို့လေးလည်း
ဟင်းလျာဖိုးလည်းရအောင် ကြိုးပမ်းခြင်း ဖြစ်လေသည်။
ကိုမောင်ချိုသည် ထန်းပင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူ့ဇနီးရှိရာ မီးဖိုချောင်ဆီသို့ ပြန်လာခဲ့ပြီး
"ပေးစမ်းဟေ့ ငါ့ဘေးမ၊ သွေးရဦးမယ်၊ သွေးပြီး မောင်းတက်ဝါး သွားခုတ်ရမယ်..."
ရေကပြင်မှ သူ့ဇနီးလှမ်းပေးသော သူ၏လက်သုံးတော် ကြီးကို ယူခဲ့ကာ ဓားသွေးကျောက် ထားရာ အိမ်ရှေ့က ထန်းမြစ်ဆုံစည်း
အနီးမှာပဲ လာ၍သွေးလေသည်။ ထိုအချိန်၌ ဝက်ခြံထဲမှ လွှတ်လိုက်ပြီဖြစ်သော ဝက်ကလေးသည် ဤရေစည်အနီးက ကျင်းမှာ လာ၍လူးနေသည်။
သူတို့အိမ်မှာ ဝက်တစ်ကောင်ရှိသည်။
“ဟား.. ဗိုလ်ချို၊ သွေးလှချည်လား၊ အနားက စုဗူးဖောက်တော့မလို့လား”
ဝက်ကို ကျေးရွာသားတို့၏ စုဘူးဟုလည်း ခေါ်သည်။
ကိုမောင်ချိုသည် လမ်းကလူကို လှမ်းကြည့်၍...
"ဟုတ်ပါဘူးကွာ၊ ခုနယ် ဒီစုဘူးဖောက်လို့ ဘယ်လောက်ရမှာလဲ၊ အလွန်ဆုံး နှစ်ဆယ်ထွက်တော့မပေါ့”
“တောက်... ကောင်းတော့ ဒီအရွယ်မှကောင်းတာဗျ”
"ဟာ.. ဘယ်ပြောကောင်းမလဲ၊ ရေဆူခပ်စားရုံပေါ့"ဆိုပြီးမှ သူ သတိရ၍ "ဪ.. အဆင်သင့်ပဲဟေ့ မောင်တင်လေး၊ ငါ မောင်းဘက်ဝါး
လိုချင်လို့ကွ၊ မင့်အိမ်နောက်ဖေးက ငါးနက်ရုံမှာ အတက် ကောင်းကောင်းနဲ့ ရှိမယ်လား"
“ရှိပါဗျား.. ဘာလုပ်ဖို့လဲ"
"နောက်ဖေးထန်းပင် ကိုင်တော့မလို့ကွ"
"အေး.. ဒါနဲ့ မင်းဘယ်သွားမလို့လဲ"
“ဟာ... ထန်းရည်တက်ဖို့ဆိုခုတ်၊ ကြိုက်သလောက်သာခုတ်
“တောင်ပိုင်းကို”