"ရှိပါတယ်၊ ကျုပ်တို့ ဖမ်းထားပါပြီ”
"ဘယ်လောက်ကြီးလဲ"
“ဟောသလောက်ကြီးဗျ၊ သုံးပိဿာလောက်ရှိမယ်”
လက်နှစ်ဖက်ကို ပိုင်းပြသည်၌..
"ဟာ.. အကြီးကြီးပဲ၊ မင်းတို့ ဘယ်ကရသလဲ"
"ခြံမီးရှို့တော့ ထွက်လာတာ"
“ဒါဖြင့် ဇင်းရှာဟေ့.. ကျင်းအောင်းလိပ်ပဲ၊ ဒီရာသီ သိပ်ဆူပေါ့ကွာ.. တောက်..” ကိုမောင်မျိုးသည် စားချင်စိတ်ဖြင့် တံတွေးမျိုချပြီး
တက်ခေါက်လိုက်ရာ
“ခင်ဗျား သိပ်ဒေါသထွက်မနေနဲ့၊ အခု ကျုပ်တို့နဲ့လိုက်ခဲ့၊ ခင်ဗျား တွေ့ရမှာပဲ”
“မင်းတို့ ငါပေးမယ်လား.."
“ဟာ အတူတူချက်စားကြတာပေါ့ဗျာ၊ ကျုပ်တို့က လိပ်မသတ်တတ်လို့ ခင်ဗျားလိုက်ရှာရတာ"
"နို့ မင်းတို့ဘကြီးသာဒင် ရှိသားပဲဟာ….…
"ဘကြီးက သူ အသက်ကြီးပြီ၊ မလုပ်ချင်တော့ဘူးတဲ့ မောင်ချိုသာသွားခေါ်ကွာတဲ့”
"အင်း.. ချက်ပြီးရင်တော့ သူစားမယ်ပေါ့လေ...။
"ဒါတော့ လူကြီးပဲ"