Xiaomi ရဲ့ Gaming စမတ်ဖုန်းဖြစ်တဲ့ Black Shark စမတ်ဖုန်းဟာ Mobile Gamer တွေအတွက်တော့ အကြိုက်တွေ့စရာဖုန်းတစ်လုံးပါ။
Xiaomi Black Shark ဖုန်းက လက်ရှိအချိန်မှာ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ 128GB Storage တွေပါဝင်တဲ့အတွက် စွမ်းဆောင်ရည်အမြင့်ဆုံးစမတ်ဖုန်းတွေထဲမှာ ပါဝင်တယ်ဆိုရင်လည်း မမှားပါဘူး။
Xiaomi က ယခင်က Black Shark ဖုန်းကို အနက်နဲ့ အစိမ်းရောင်ကို တွဲဖက်ပြီး ထုတ်လုပ်ခဲ့ပေမယ့်အခုအချိန်မှာတော့ အပြာရောင် Royal Blue နဲ့ ထွက်ရှိလာမှာပဲဖြစ်ပါတယ်။
အခု Royal Blue အရောင်သစ်နဲ့ Xiaomi Black Shark ဖုန်းကို ယခင် ပုံမှန်အရောင်ထက် တရုတ်ယွမ် ၅၀၀ (ဒေါ်လာ ၈၀) လောက်ပိုပေးနေရတယ်လို့ သိရပါတယ်။