Best Display(2)

Words
197
Reading
1 min
Listen
Play
8y

Samsung Galaxy A6+ ရဲ့ ကောင်းမွန်တဲ့ Super AMOLED Display လိုမျိုး Display ပါဝင်တဲ့ဖုန်းကို အသုံးပြုတာက ဘယ်လိုမျိုး ကောင်းကျိုးတွေကို ရရှိစေမလဲဆိုတာကို အနည်းငယ်ပြောပြသွားပါမယ်။

(၁) မျက်လုံးကို မထိခိုက်စေပဲ စာဖတ်နိုင်တယ်။
စမတ်ဖုန်း Display ကို ကြည့်နေတယ်ဆိုတာ အများအားဖြင့် စာဖတ်နေကြတာများပါတယ်၊ အဲ့ဒီအချိန်မှာ Display က စာလုံးတွေကို ပြတ်သားစွာမြင်ရဖို့ကလည်း အရေးကြီးပါတယ်။ Samsung Galaxy A6+ စမတ်ဖုန်းရဲ့ Super AMOLED Display က Full HD+ Resolution အထိ ရှိနေတဲ့အပြင် ဘေးဘောင်တွေက ခုံးထားပြီး Full Metal Body ကြောင့် လက်ကလည်း သက်သောင့်သက်သာကိုင်ပြီး အသုံးပြုထားနိုင်မှာပါ။IMG_20180617_195847.jpg

(၂) စမတ်ဖုန်းပေါ်မှာ ရုပ်ရှင်ကြည့်တဲ့အချိန်မှာ သူမတူတဲ့ခံစားမှုကို ပေးစွမ်းနိုင်တယ်။

ဒီအချက်ကတော့ ယခင်က TV တွေကို CRT TV တွေကနေ LED TV တွေကို ပြောင်းကြည့်သလိုပါပဲ။ Samsung Galaxy A6+ ရဲ့ Super AMOLED Display ဟာ လုံးဝကို တောက်ပပြီးတော့ အနက်ရောင်ကိုလည်း တိကျစွာဖော်ပြပေးနိုင်တဲ့အတွက် ရုပ်ရှင်ကြည့်တဲ့အချိန်မှာ ကောင်းမွန်တဲ့ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ ဒါက 6″ အရွယ် 18.5:9 Screen Ratio ရှိတဲ့ Infinity Display နဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ လုံးဝကို ရုပ်ရှင်တွေကြည့်တဲ့နေရာမှာ နှစ်မျောသွားစေမှာပါ။IMG_20180619_123341.jpg

(၃) ကိုယ်ရိုက်လိုက်တဲ့ Selfie တွေကို ပိုပြီး အရောင်စုံလင်စွာနဲ့ ပြန်ကြည့်နိုင်မယ်။
Samsung Galaxy A6+ စမတ်ဖုန်းမှာ 24MP f1.9 Selfie Camera ပါဝင်ပါတယ်။ အခုလိုမျိုး Megapixels မြင့်မားတဲ့ Selfie Camera အပြင် အမှောင်ထဲမှာလည်း ရိုက်ကူးနိုင်ဖို့အတွက် LED Flash လည်း ပါဝင်ပါသေးတယ်။ ဒါပေမယ့် အခုလိုမျိုး Selfie Camera အလန်းစားနဲ့ ရိုက်ကူးလိုက်တဲ့ Selfie တွေက Display မကောင်းတဲ့ဖုန်းမှာ ပြန်ကြည့်ရင် အရောင်တွေက မွဲခြောက်ခြောက်ဖြစ်နေမှာပါ။ Samsung Galaxy A6+ မှာတော့ ဒီအချက်က စိုးရိမ်စရာမဟုတ်ပဲ Super AMOLED Infinity Display ကြောင့် ကိုယ့်ရိုက်လိုက်တဲ့ Selfie ပုံတိုင်းက စိုပြေတောက်ပနေပါလိမ့်မယ်။

(၄) Online နဲ့ ချိတ်ဆက်ပြီး ပြုလုပ်ရတဲ့ကိစ္စတွေကို လွယ်ကူစွာပြုလုပ်နိုင်တယ်။
အခုအချိန်မှာ စမတ်ဖုန်းတွေကို ကိစ္စရပ်တစ်ခုထဲတင်မဟုတ်ပဲ ဘက်စုံမှာအသုံးချနေကြတာဖြစ်ပါတယ်။ ဥပမာ Samsung Galaxy A6+ ဖုန်းမှာဆိုရင် Bixby Vision ၊ Home နဲ့ Reminder Feature တွေပါဝင်တဲ့အတွက် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို Bixby ကနေ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး ဆောင်ရွက်တဲ့အချိန်မှာလည်း Samsung Galaxy A6+ ရဲ့ ကြီးမားတဲ့ Super AMOLED Display နဲ့ဆိုရင် ပိုပြီးတော့ အလုပ်တွေပြီးမြောက်နိုင်မှာပါ။
Source