လက်ရှိအချိန်မှာ စမတ်ဖုန်းဆိုတာက လူတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းတစ်ခုဖြစ်လာပါပြီ။ အဲ့ဒါကလည်း လူအချင်းချင်းဆက်သွယ်တဲ့သာမန်ပစ္စည်းတစ်ခုဆိုတာထက် စမတ်ဖုန်းတွေက ပိုပြီး စွမ်းဆောင်လာနိုင်တာကြောင့်ဖြစ်ပါတယ်။
စမတ်ဖုန်းပေါ်မှာပဲ နေ့စဉ် Facebook လိုမျိုး Social Media တွေကို အသုံးပြုလာကြတယ်၊ ရုပ်ရှင်တွေကြည့်ကြတယ်၊ ဂိမ်းတွေဆော့ကြတယ်၊ အမှတ်တရ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်လာကြတယ်… ဒီလိုနဲ့ စမတ်ဖုန်းတွေဟာ နေ့စဉ်ဘဝမှာ အချိန်အပေးဖြစ်ဆုံး ပစ္စည်းတွေဖြစ်လာပါတယ်။
ဒါပေမယ့် အခုလိုမျိုး စမတ်ဖုန်းအသုံးပြုတဲ့အချိန်မှာ အကောင်းဆုံးသောအတွေ့အကြုံကိုရရှိဖို့အတွက် Samsung လိုမျိုး ကမ်ဘာ့နံပါတ် (၁) စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုအဖြစ်နာမည်ရထားတဲ့ဖုန်းတွေကပေးအပ်တဲ့ ယုံကြည်စိတ်ချရမှုကလည်း အရေးကြီးပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတစ်လုံးဟာ ဘယ်လိုပဲ စွမ်းဆောင်ရည်ကောင်းမွန်နေပါစေ၊ Screen Display ကောင်းတစ်ခုနဲ့ ဖန်တီးတည်ဆောက်မထားရင် ဘယ်လိုမှ အသုံးပြုလို့ ကောင်းမှာမဟုတ်တဲ့အတွက် Display ကလည်း ဖုန်းတစ်လုံးရွေးချယ်တဲ့နေရာမှာ အဓိက အရေးကြီးတဲ့အချက်တစ်ခုဖြစ်နေတယ်။
ဒီနေရာမှာ Display ကောင်းတစ်ခုဖြစ်တဲ့ 6″ Super AMOLED Infinity Display ကို ထည့်သွင်းပေးထားတဲ့အတွက် စမတ်ဖုန်းတစ်လုံးကို ဈေးအများကြီးပေးပြီး ဝယ်ယူစရာမလိုအပ်ဘဲ ငွေကျပ် ၄၉၉,၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်တဲ့ Samsung Galaxy A6+ စမတ်ဖုန်းဟာ တခြားသော စမတ်ဖုန်းတွေထက် သိသိသာသာကောင်းမွန်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာ သေချာပါတယ်။
Source