Arira& Alcohol (II)

Words
184
Reading
1 min
Listen
Play
8y

“အဲဒါတွေကတော့ ငါမသိဘူးကွ...”
"နို... အဲဒီကိုယ်တော်ပေါ်တာ ဘယ်လောက်ကြာပြီလဲ..."
"ကြာပြီကွာ.. ငါ... အဲဒီတုန်းက ခပ်ငယ်ငယ်ရှိသေးတာပဲ၊ မင်း... အဲဒီကိုယ်တော်အကြောင်းရင် ကောင်းမယ်ကွာ….”
"အာ.. ဖြစ်မလားဗျ။ ကျွန်တော်က ကာလပေါ်ဝတ္ထုရေးသမား၊ ထေရုပတ္တိသွားကိုင်လို့ ဘယ်နိုင်ပါ့မလဲ၊ ဒါမျိုးက ပါဠိလေးဘာလေးပါမှ၊
ကျွန်တော်က ပါဠိဆို နည်းနည်းမှ မတတ်တာဘဲ...”
"မလိုပါဘူးကွ၊ အဲဒီကိုယ်တော်ကလည်း ပါဠိမတတ်ဘူး”
"အောင်မာ ကမ္မဋ္ဌာန်းပြဆရာဘုန်းကြီး ပါဠိမတတ်ဘူးဆိုတော့ ဖြစ်မလားဗျ..."
"မင်း.. စွန်းလွန်းဆရာတော် အတ္ထုပ္ပတ္တိ မဖတ်ဖူးဘူးလား၊ အဲဒီ ဆရာတော်ကြီးဟာ စာတစ်လုံးမှမတတ်ဘူး၊ အခု ရဟန္တာလို့
အများပြောနေကြတဲ့သဲအင်းဂူဆရာတော်ဘုရားကာ ဓားပြဗိုလ်ကြီးတဲ့ခင်ဗျ၊ အသက် ၄၆ နှစ်ကျမှ တရားရပြီး အားထုတ်တာတဲ့..."IMG_20180612_213741.jpg
"ကဲ... ခင်ဗျား ခုနပြောတဲ့ အရက်ရေဖြစ်တဲ့ ကိုယ်တော်ကော"
“သူလည်း ငယ်ဖြူမဟုတ်ဘူး၊ လူ့ဘဝမှာ တော်တော်ဆိုးဆိုးတေတေ နေခဲ့ပြီး အသက် ၅၁ လောက်မှာ သင်္ကန်းဝတ်တာပဲ၊ ကလည်း
သိပ်မတတ်ဘူး။ မူလတန်းလောက်ပဲ၊ ပါဠိဝေးလို့၊ အဲ... အင်္ဂလိပ်လိုတော့ ဒီအေဘီကက် လောက်ပဲတတ်တယ်၊ ဒါပေမဲ့ လူကတော့ လူစုံပဲ...”
ကျွန်တော် နည်းနည်းသဘောတွေ့သွားကာ...
"အဲ.. လူပုံဟုတ်ပြီ၊ နို့ပြီး အရပ်ကာ သူများထက် ခေါင်းတစ်လုံး မြင့်လား...”
"မင်းက ဒါကို ဘာပြုလို့မေးတာလဲ...”
ဤနေရာ၌ ဦးကြွက်သိုးသည် စူးစမ်းသောမျက်လုံးဖြင့် ကျွန်တော့်ကို ကြည့်ကာ"ဟ.. သူများထက်အရပ်မြင့်တော့ ရှေ့က သူ့ခေါင်းက ကွယ်ကွယ်နေလို့ ပွဲကြည့်တဲ့လူချင်း ရိုက်ကြတာပေါ့ကွ၊ ရိုက်ရုံတင်မကဘူး၊
ခဲပေါက်၊ ခွပစ်တွေလည်း ခံရသေးတယ်..."
"ဒါဖြင့် သူ့ခေါင်း အနာရွတ်ချည်းနေမှာပဲ၊ ဒါဟာ ဘဝမှာ နာကြည်းစရာဒဏ်ချက်တွေပဲ၊ အဲ... ဟုတ်ပြီ၊ လူကလည်း လူပုံ၊ အရပ်ကလည်း
သူများထက် ခေါင်းတစ်လုံးမြင့်တယ်”
ကျွန်တော်သည် ဆရာကြီးရွှေဥဒေါင်း ရေးသားသည်များ မှတ်သားထား၍ "ဒါကြောင့် ထူးချွန်တာကိုး။ ဒီလိုလူမျိုးအကြောင်းတော့
ရေးချင်ချာ၊ ဦးလေးကြွက်က သူ့အကြောင်း တော်တော်သိလား..”
"ဟာ.. ငါတို့အရပ်ထဲကပွဲကွ၊ ငါ အကုန်သိတာပေါ့..။
"ဒါဖြင့် ပြောဗျာ..”IMG_20180612_214310.jpg
“သူ့မိဘမျိုးရိုးက အဲဒီခေတ်က ကျေးလက်လယ်ပိုင်ရှင်များကွ၊ လူချမ်းသာတွေပေါ့ကွယ်၊ ပထမ ရွာဘုန်းကြီးကျောင်းမှာပဲထားတယ်၊
နောက်တော့ သူတို့ငွေချေးတဲ့ ချစ်တီးတိုက်က မြှောက်ပေးတာနဲ့ မြို့ပေါ် အင်္ဂလိပ်ကျောင်း သွားထားတယ်၊ ဒီတော့ ရွာနဲ့မြို့က ၅
မိုင်တောင်းနေတာမို့ အဲသည်ခေတ်က ကျေးရွာလယ်ပိုင်ရှင်တွေရဲ့ ထုံးစံအတိုင်း ချစ်တီးထီကငွေယူပြီး ရိုးကုမ္ပဏီက ရလေးဝက်ဘီး
ဝယ်ပေးတယ်၊ ရလေးဘွတ်ခြေနင်းနဲ့ မော်ဇာဝယ်ပေးတယ်၊ အယ်လ်ဂျင်နာရီ ဝယ်ပေးတယ်”
"အောင်မယ်... အကောင်းစားချည်းပါလားဗျ.." ကျွန်တော်က စကားထောက်သည်။
"ဒါနဲ့ မော်ဇာဆိုတာ ဘာလဲဗျ.."
“ခြေအိတ်ကို သူတို့ တောခေါ် ခေါ်တာကွ.."
"အဲ... သူ့ငယ်နာမည်၊ လူနာမည်နဲ့ ရဟန်းဘွဲ့တော်လည်း ပြောထားဦးဗျ၊ ဖြစ်နိုင်ရင် သူ့မွေးသက္ကရာဇ်.. ခု၊ နှစ်၊ လ၊ နေ့။ ဘာလဲဆိုတော့
ဒီလို အရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်မျိုး သူ့အတ္ထုပ္ပတ္တိရေးတဲ့အခါမှာ ဖွဲ့ရထည့်ရတာမျိုး..."

Arira& Alcohol (II) | Ecency