Arira&Alchol

Words
279
Reading
2 min
Listen
Play
8y

"ဒီမှာ မောင်သော်တာရွှေရဲ့
ကျွန်တော်သည် ဖန်ခွက်ကို နှုတ်ခမ်းမှချွတ်လိုက်ကာ
“ခင်ညာ။
သောက်ရင်း အရှိန်ရလာသည်၌ ဦးကြွက်သိုးက စကားစ၏။
"အရိယာများ အရက်ကို ရေဖြစ်သတဲ့ကွဲ...”
"ဟင်.. သမြောစရာကြီးနော်...”IMG_20180612_213741.jpg

"မင်းတို့လို အရက်သမားအဖို့တော့ ဟုတ်သပေါ့ကွာ... တရားသမားတွေအဖို့တော့ ဒါမျိုး သိပ်ကြီးကျယ်တာကွ၊ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေ့ရင်
တကယ့်ရဟန္တာပဲဆိုပြီး အကြီးအကျယ် ဆည်းကပ်ကိုးကွယ်ကြတော့တာကွ”
ကျွန်တော်က ခွက်ကျန်မော့လိုက်ပြီး...
"နေပါဦး.. ဦးလေးကြွက်သိုးရ၊ အရက် ဖြစ်တယ်ဆိုတာက ဘယ်လိုတုံး..။ ကျွန်တော့်သဘောတော့ အရက်
ဖြစ်အောင်လုပ်တာက လွယ်ပါတယ်၊ က် ခု တချို့ ပြည်သူ့ရေက်ဖြူဆိုင်တွေမှာဆိုရင် အရက်ရေရောလို့ ဖမ်းတာတွေတောင်
သတင်းစာတွေထဲ တစ်လောက ပါလာသေးမှုတ်လား.….”
ဦးကြွက်သီးသည် တံတွေး ဖျပ်ခနဲ ထွေးလိုက်ပြီး..
“အတူတူသောက်တဲ့လူချင်း ကြောင်မနေချင်စမ်းပါနဲ့ မောင်သော်တာရွှေရာ..၊ ဒီအမျိုးမျိုးတွေ ရိုးနေပါပြီ..။
"ဪ.. ဦးလေးကြွက်သိုးကလည်း ကြွက်မြီးတိုရန်ကာဗျာ၊ ကျွန်တော်က သေသေချာချာ မသိလို့ဗျ။ ကဲ.. အရိယာက အရက်ကို
ဘယ်လို ဖြစ်သွားသလဲဗျာ.. ပြောစမ်းပါဦး၊ အရက်ပုလင်း လက်ညှိုးထိုးလိုက်ပြီး ဖြစ်စေလို့ဆိုလိုက်တော့ ဖြစ်သွားရောလာ၊ အဲ... ရေကို
အရက်ဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ လာခဲ့၊ အိမ်ဦးခန်းထားပြီး တစ်သက်လုံးကိုးကွယ်ပြလိုက်မယ်..”
"ဟေ့.. ဟာသဆရာ... မင်းနောက်လုံးတွေ တော်တော့... ငါက အကောင်းပြောမလို့”
"ပြောပါ... အရက်ကို ဘယ်နည်းဘယ်ပုံ ဖြစ်သလဲဆိုတာ... ကျွန်တော် ကြားဖူးတာကတော့ "သောတာပန်ဆို၊ သိလိုသမှု၊
နှစ်ခုသေရည်၊ တိုက်လေပါက၊ ရေသောဝင်ထ၊ သဘာဝ'တဲ့.."
"ငါပြောမှာက ဒီလိုတောင်မဟုတ်ဘူး၊ သူ့ပါးစပ်ထဲ သောက်လိုက်တဲ့အခါမှာ အရက်ရဲ့ သဘောသဘာဝ ပျောက်ပြီး တကယ့်ပကတိ
ဖြစ်သွားတာကွာ..""ဪ အရက်တယ်ဆိုပါတော့.…. ဒါနဲ့ ရဟန္တာဖြစ်ရောလား.."
"ဟေ့.. ဒါကြောင့် ရဟန္တာဖြစ်တယ်ပြောတာ မဟုတ်ဘူးကွ... လောကီကကျွတ်ပြီး တရားရသွားပြီဆိုတဲ့ အရိယာပုဂ္ဂိုလ်တွေဟာ...
အရက်တောင်ပဲ သူတို့ခံတွင်းထဲရောက်ရင် ဖြစ်တယ်ဆိုတာကွ..."
"ဒီစကား ကျွန်တော်ကြားဖူးပါတယ်၊ ဒါက တင်စားပြောကြတာဖြစ်ပါလိမ့်မယ်၊ တကယ်တော့ ဘယ်အရိယာပုဂ္ဂိုလ်၊ ဘယ်ရဟန္တာမြတ်က
အရက်သောက်ပြီး ငါ့ပါးစပ်ထဲ ရေပဲလို့ ပြောပြနေလိမ့်မလဲဗျာ...”
"အေး... မင်းပြောတာ ငါသဘောကျသဟေ့၊ ဒါပေမဲ့ အရက်သောက်လိုက်တဲ့အခါ ဖြစ်သွားတဲ့ ရဟန်းတစ်ပါး ပေါ်ခဲ့ဖူးသကွ..."
"ဘယ်လိုတုံး၊ အရက်သောက်ပြလိုက်ပြီး မမမဲ့ဘဲ ငါ့ပါးစပ်ထဲ ရေပဲလို့ ပြောပြတာလား၊ ဒါကတော့ သူ လူပတ်မှာတုန်းက
အရက်ပြင်းပြင်းတွေသောက်နေကျ ယစ်ထုပ်ကြီးမျိုး ဖြစ်နိုင်တာပေါ့ဗျာ..."
"မင်းပြောတာ ဟုတ်ပါတယ်၊ ငါလည်း အရက်သမားပါ၊ သဘောပေါက်ပါတယ်။ ငါ အခုပြောမှာက အဲသည်လိုကို မဟုတ်ဘူးကွ..”
“ဆို
“သူ့ကပ္ပိယနဲ့ ခရီးသွားကြရင်း လမ်းမှာ... အဲ.. ပြောထားရဦးမယ်၊ သူ့ကပ္ပိယက အရက်ပုန်း၊ ခွက်ပုန်းသမားကွ၊ သူ့မှာ ထမင်းစားခါနီး
မော့ဖို့ အိတ်ဆောင်လေးက အမြဲပါတယ်၊ အဲဒါ လမ်းမှာ နွားလှည်းပေါ်မှာကွာ လွယ်အိတ်ထဲ ဒီပုလင်းသွားတွေ့တော့ လှည်းနောက်က
လမ်းလျှောက်လိုက်လာတဲ့ ကပ္ပိယကို ဒကာ... ဒါ ဘာပုလင်းလဲလို့မေးတယ်။ ဒီတော့ ရေပုလင်းပါဘုရားလို့ လျှောက်ရသပေါ့။
အဲသည်အခါ ဘုန်းကြီးက ဟယ်.. ငါ ရေဆာနေတာနဲ့ အဆင်သင့်ပဲကွာဆိုပြီး ကောက်မော့တော့ ကပ္ပိယက ဖျာပျာသလဲနဲ့ ဒီရေမသန့်ပါဘူး
ဘုရား၊ တပည့်တော် သောက်လက်စကြီးပါ ဘုရား၊ ဒီပြင် ရေသန့်သန့်ကပ်ပါ့မယ်ဘုရားလို့ လှည်းပေါ် ပြေးခုန်တက်ရင်း ပြောပေမဲ့ မရတော့
ဘုန်းကြီးက ပုလင်းတစ်ဝက် မော့ပြီးနေပြီ။ အဲသည်တော့ ကပ္ပိယကြီးက အဲ... တစ်ခါဖြင့် ဒုက္ခပဲလို့ ပြူးပြူးဖျာ ဖြစ်နေတယ်၊ ဒီတော့
ဘုန်းကြီးက... ဒကာရယ် ခရီးသွားရင်း လမ်းမှာပဲ ကိစ္စမရှိပါဘူးကွယ်... မင်း သောက်လက်စကာ... ငါက ငါ့ဟာငါ ယူသောက်တာပဲ၊ မင်းမှာ
အပြစ်မဖြစ်နိုင်ပါဘူး။ ရော့.. ရော့ ဒီမှာ ကျန်ပါသေးတယ်။ မင်းဆာလည်း သောက်လိုက်၊ နေကလည်း ပူသနဲ့ကွယ် လို့ဆိုတော့ ကိုယကလည်းအံ့အားသင့်ပြီး ကြောင်အမ်းအမ်းနဲ့ ဘုန်းကြီးပေးတာ ယူသောက်လိုက်တော့ လား... လား အဲ ကျန်တဲ့ရက်ပါ ရေဖြစ်နေတဲ့ မောင်ပေါ့..."
ဒီတော့မှ ကျွန်တော် စိတ်ဝင်စားကာ..
"ဒါတော့ ဆန်းသါ.. အံ့ဩစရာပဲ၊ ဒီဘုန်းကြီးကို လူတွေက ရဟန္တာလို့ မပြောကြဘူးလား..""ဟာ... ပြောရုံဘယ်ကမလဲ... အဲဒီစကား
ကပ္ပိယဆီက တစ်ဆင့်ကြားပြီးကတည်းက တစ်ဆင့်တစ်ဆင့်ပွားပြီး အနယ်နယ်အရပ်ရပ်က ဒီကိုယ်တော်ဖူးမြော်ရအောင်။
ဒီကိုယ်တော့်ကမ္မဋ္ဌာန်းနည်း ကျင့်ရအောင် လာလိုက်ကြတဲ့လူတွေကွာ မပြောပါနဲ့တော့၊ အဲဒီဘုန်းကြီးကလည်း ကမ္မဋ္ဌာန်း နည်းပြဆရာကိုးကွ..”
"အဲ... အဲ ဟုတ်ပြီ... ဘာနည်းလဲဗျ။ စွန်းလွန်းရှူရှိုက်နည်းလား၊ မဟာစည် ပိန်ဖောင်းနည်းလား..”

Arira&Alchol | Ecency