MIUI 10

heinzaw(42)
Published in
#mi
Words
108
Reading
1 min
Listen
Play
8y

Xiaomi ဖုန်းတွေကို သုံးဖူးတဲ့သူ၊ ဒါမှမဟတု် Xiaomi ဖုန်းတွေကို စိတ်ဝင်စားတဲ့သူတွေဆိုရင် MIUI OS ဆိုတာက Xiaomi ဖုန်းတွေအတွက် အရေးပါတဲ့အရာတစ်ခုဆိုတာကို သိပြီးဖြစ်မှာပါ။ အခုအချိန်မှာလည်း Xiaomi ကနေ MIUI 10 OS Update ကို ကြေညာထားတာအချိန်တစ်ခုရှိသွားပြီလို့ ပြောရမှာပဲဖြစ်ပါတယ်။
IMG_20180614_213726.jpg
အခုအချိန်မှာတော့ Xiaomi ရဲ့ MIUI 10 Global ROM ဟာ သတ်မှတ်ထားတဲ့ Xiaomi ဖုန်းတွေမှာ Update ပြုလုပ်လို့ရရှိနေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အခု Update ထုတ်ပေးလိုက်တဲ့ MIUI 10 Global ROM တွေက Beta Version ပဲရှိနေသေးတာဖြစ်ပါတယ်။
အခု MIUI 10 Global ROM ကို Update ပြုလုပ်နေနိုင်ပြီဖြစ်တဲ့ Devices တွေကတော့ Mi Mix 2 ၊ Mi Mix 2S ၊ Redmi S2 နဲ့ Redmi Note 5 စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။IMG_20180614_213739.jpg
အခု MIUI 10 ကို အစောဆုံးအသုံးပြုချင်တယ်ဆိုရင်တော့ Xiaomi ရဲ့ Website မှာသွားပြီးတော့ Global Beta ROM ကို Register ပြုလုပ်ထားရမှာဖြစ်ပါတယ်။ အခု MIUI 10 ဟာ AI Portrait ၊ Full Screen Multitasking စနစ်တွေကို ဦးစားပေးလာပြီး ယခင်ထွက်လည်း ပိုပြီး မြန်ဆန်လာတဲ့ OS တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
Source

MIUI 10 | Ecency