Galaxy Note 9 ထွက်ရှိမယ့်ရက်ကိုတော့ ယခင်က July လောက် ခန့်မှန်းထားကြပေမယ့် အခုထပ်ပြီး ထွက်ရှိလာတဲ့ သတင်းတွေအရဆိုရင်တော့ Design ပြောင်းလဲမှုတွေလုပ်နေတ့ဲအတွက် August 9 လောက်မှာ ထွက်ရှိလာနိုင်တယ်လို့ဆိုပါတယ်။
သတင်းတွေအရတော့ Display ပိုင်းအနေနဲ့ 6.38-inch Curved Screen ကို 18:5:9 Aspect Ratio ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ Resolution ကတော့ 2960 x 1440 Pixels နဲ့ဖြစ်နိုင်တယ်လို့ ကောလဟာလတွေထွက်နေပေမယ့် တချို့ကတော့ 4K Display ဖြစ်နိုင်တယ်လို့လဲ ခန့်မှန်းနေကြပါတယ်။
ဖုန်းရဲ့အတွင်းပိုင်းမှာတော့ Android 8.1 oreo နဲ့ Snapdragon 845 ဒါမှမဟုတ် Samsung ရဲ့ Exynos 9810 Chipset ကိုသုံးထားနိုင်ပါတယ်။ လက်ရှိ Galaxy Note 8 လိုပဲ RAM 6GB ထိဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြသလို ကံကောင်းရင် RAM 8 GB Storage 512GB နဲ့လည်း ထွက်လာနိုင်တယ်လို့ ပြောနေကြပါတယ်။
Camera ပိုင်းအနေနဲ့တော့ Dual-Camera နဲ့ Super Slow-motion Videos တွေကို 960fps လောက်နဲ့ ရိုက်လို့ရမယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။ Battery ကိုတော့ 3850mAh သုံးထားနိုင်ပါတယ်။ Dust and Water Protection အတွက် lP68 ထိပါဝင်မှာဖြစ်ပြီး Note’s တွေရဲ့ Signature တစ်ခုဖြစ်တဲ့ S Pen Stylus လဲ ပါလာမယ်လို့ မျှော်လင့်ရပါတယ်။ တကယ်လို့သာ Galaxy Note 9 ကို Headphone Jack နဲ့သာ တွေ့ရမယ်ဆိုရင် AKG Headphones တစ်စုံလဲ Box ထဲမှာတစ်ပါတည်း မြင်ရနိုင်ပါတယ်။
In-Display Fingerprint Scanner လဲပါဝင်မယ်လို့ သတင်းတွေထွက်နေပေမယ့် သိပ်မသေချာသေးတဲ့အတွက် စောင့်ကြည့်ရမှာပါ။
In-Display Fingerprint Scanner လဲပါဝင်မယ်လို့ သတင်းတွေထွက်နေပေမယ့် သိပ်မသေချာသေးတဲ့အတွက် စောင့်ကြည့်ရမှာပါ။
ဈေးနှုန်းကတော့ နောက်ဆုံးထွက်ထားတဲ့ Galaxy Note 8 ထက်မနည်းမှာတော့ သေချာတဲ့အတွက် $930 နဲ့အထက်မှာရှိနိုင်ပါတယ်။
Source