Mi A2

heinzaw(42)
Published in
#mi
Words
110
Reading
1 min
Listen
Play
8y

Xiaomi က Mi 5X စမတ်ဖုန်းနဲ့ တူညီပြီးတော့ MIUI မဟုတ်တဲ့ Pure Android နဲ့ ထုတ်လုပ်ခဲ့တဲ့ Mi A1 စမတ်ဖုန်းကို မှတ်မိကြဦးမှာပါ။ MIUI ကို မကြိုက်ပဲ ပေါ့ပါးပြီး System Update မြန်မြန်ရတဲ့ Pure Android ဖုန်းဖြစ်တဲ့အတွက် လူကြိုက်များခဲ့တယ်ဆိုလည်း မမှားပါဘူး။
IMG_20180602_054556.jpg
အခုအချိန်မှာ Xiaomi ကနေ Mi 6X စမတ်ဖုန်းကို စတင်ရောင်းချနေပြီဖြစ်တဲ့အတွက် Pure Android နဲ့ Mi A2 စမတ်ဖုန်းကို ဘယ်တော့ရောင်းချမလဲဆိုတာကလည်း စိတ်ဝင်စားဖွယ်ဖြစ်နေပါတယ်။

အဲ့ဒီအတွက် အခုအချိန်မှာတော့ Swiss Website တစ်ခုကနေ Mi A2 စမတ်ဖုန်းကို Pre-order တင်လို့ရပြီဖြစ်ကြောင်း မှားယွင်းတင်ထားခဲ့ပြီး Mi A2 ကို စတင်ရောင်းချမယ့်အချိန်နဲ့ Specifications တွေကို သိရခဲ့ပါတယ်။

လက်ရှိသိရတဲ့သတင်းအရတော့ Mi A2 စမတ်ဖုန်းကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီးတော့ 32GB ၊ 64GB နဲ့ 128GB Storage တွေပါဝင်မယ်လို့ သိရပါတယ်။
IMG_20180620_124419.jpg
Specifications တွေအနေနဲ့ကတော့ Mi 6X နဲ့ တူတူပဲဖြစ်ပြီးတော့ 5.99″ Full HD+ Display ၊ Qualcomm Snapdragon 660 CPU ၊ 12+20MP Dual Camera နဲ့ 3010mAh Battery တွေပါဝင်လာမှာဖြစ်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့ကတော့ ဒေါ်လာ ၂၉၀ ဝန်းကျင်ကနေ ဒေါ်လာ ၃၅၀ အတွင်းရှိမယ်လို့ သိရပါတယ်။
Source

Mi A2 | Ecency