Samsung Galaxy S9 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ကမှထွက်ရှိခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ နောက်နှစ်မှာထွက်ရှိလာမယ့် Galaxy S10 အတွက် ကောလဟာလသတင်းတွေကထွက်ပေါ်နေပြီပဲဖြစ်ပါတယ်။
အခုထွက်ပေါ်လာတဲ့သတင်းက စိတ်ဝင်စားစရာဖြစ်ပြီးတော့ Samsung Galaxy S10 ဖုန်းမှာ Earpiece အစား Display ကနေ Sound Emitting နည်းပညာနဲ့ အသံကိုထုတ်ပေးသွားမယ်လို့ သိရပါတယ်။
အခုနည်းပညာကို Samsung က Sound on Display လို့ခေါ်ဆိုထားပြီးတော့ Galaxy S9+ ဖုန်းကိုယ်ထည်မှာ စမ်းသပ်အောင်မြင်ပြီးပြီလို့ သိရပါတယ်။ အခုလိုမျိုး Samsung က Earpiece ကို ဖြုတ်ပြီးတော့ Display ထဲကို ထည့်သွင်းချင်တာက Samsung Galaxy S10 စမတ်ဖုန်းမှာ လုံးဝကို ဘေးဘောင်တွေပါဝင်ခြင်းမရှိတဲ့ Infinity Display နဲ့ စမတ်ဖုန်းတစ်ခုကို ဖန်တီးချင်တာကြောင့်လို့ ယူဆရပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီနည်းပညာသာ Samsung Galaxy S10 မှာ ပါဝင်လာခဲ့မယ်ဆိုရင် ဒါက အခြားသော စမတ်ဖုန်းတွေထက် ပိုပြီးသာလွန်နေမှာဖြစ်ပါတယ်။