(4)Yelp
မြို့အသစ်ကိုအလည်သွားပြီးတော့ ဘာတွေလုပ်သင့်လဲဆိုတာ
ကည့်ချင်တဲ့အခါမျိုးမှာ ဒေသခံတွေဘာလုပ်လေ့ရှိသလဲဆိုတာ
လည်း စပ်စုလို့ ရပါတယ်။ Yelp ကတော့ စားသောက်ဆိုင်တွေ၊
စီးပွားရေးလုပ်ငန်းတွေအတွက် review တွေ ၁၀၀မီလျံလောက်ရှိ
ပါတယ်။ သင့်လိုမျိုးလူတွေက ရေးသားထားကြတာပါ။
လမ်းမှာ ယာဉ်တစ်ခုခုစီးရင် ဘာကောင်းလဲသိချင်တဲ့အခါ Yelp
က စားသောက်ဆိုင်အမိုက်စားကို ပြသပေးနိုင်ပြီး ခရီးဆက်ဖို့
၀မ်းဖြည့်စေနိုင်ပါတယ်။
(5)Gasbuddy
ဆီဖြည့်ရတယ်ဆိုတာ လမ်းကြောင်းအရှည်ကြီးသွားမယ်ဆိုရင်
အကြီးမားဆုံးသော ကုန်ကျစရိတ်ဖြစ်နိုင်ပါတယ်။ GasBuddy
ကတော့ ဈေးအသက်ဆုံးဆိုင်တွေကို လမ်းတစ်လျှောက်ပြသ
ပေးနိုင်ပါတယ်။ ခရီးထွက်ချိန်သာမက နေ့စဉ်သုံးမယ်ဆိုရင်တော့
င် သင့်ကိုသက်သာမှုတွေ ပေးနိုင်ပါတယ်။
အချက်အလက်တွေအားလုံးက သုံးစွဲသူတွေထည့်သွင်းထားတာ
ဖစ်လို့ သင်ကိုယ်တိုင်လည်း အချက်အလက်တွေထည့်သွင်းပြီး
တော့ GasBuddy community မှာ သတင်းပေးလို့ ရပါသေးတယ်။
(6) Spotify
ခရီးသွားတဲ့အခါ သီချင်းမဖွင့်ဘဲနေရင် အဆင်ပြေပါ့မလား။ ဒါမှမ
ဟုတ် podcast လေးနားမထောင်ချင်ဘူးလား။ ဘာပဲနားထောင်
ချင်ချင်ပ။ Spotify ကတော့ ၂၀၁၈ခုနှစ်အတွက် အကောင်းဆုံး
streaming ၀န်ဆောင်မှု ဖြစ်ပါတယ်။
Spotify မှာ သူ့ရဲ့ အခမဲ့ ad-supported mobile app လေးကို
သင့်အတွက်ဆိုတဲ့ playlist တွေနဲ့ မိတ်ဆက်ထားပါတယ်။ သင်
နားထောင်တဲ့သီချင်းတွေနဲ့ band တွေကို လေ့လာပြီးဖော်ပြပေး
ထားတာဖြစ်ပါတယ်။ premium subscription နဲ့ ဆိုရင်တော့
၄၀မီလျံရှိတဲ့ သီချင်းတွေကို အကန့်အသတ်မဲ့ ခံစားနိုင်မှာဖြစ်ပါ
တယ်။ ဒီတော့ လမ်းတစ်လျှောက်မှာ သီချင်းသံတွေ မရပ်တံ့
တော့ဘူးပေါ့။ Spotify မှာက podcast တွေလည်းပါဝင်ပြီးတော့
သီချင်းတွေကို ဒေါင်းလုတ်ဆွဲခွင့်ပေးထားလို့ offline နားထောင်
လို့ ရပါတယ်။ ဖုန်းလိုင်းမမိလည်း အေးဆေးပါပဲ။ လမ်းပေါ်ရော
က်နေချိန်မှာ Android Auto နဲ့နားထောင်မယ်ဆိုရင်တော့ လက်
နဲ့ထိနေစရာမလိုအပ်ပါဘူး။
ကားထဲမှာ ဒီဂျေပွတ်နေဦးမလား။ သတိတော့ထားနော်။
Spotify Download Link