Reflection isn't stable.

Words
61
Reading
1 min
Listen
Play
1y

Good Night friends...


ရေအိုင် ထဲက လရိပ်ကလေး တဲ့
စိုင်းထီးဆိုင် ဆိုထားတာ နားဆင်ခဲ့ဖူးတယ်။
ရေအိုင် ထဲက လ ကို ပိုင်ဆိုင်ချင်လို့ ကိုင်တွယ်လို့ မရပါဘူး။
ထိလိုက်တာနဲ့ ပျောက်ကွယ်သွားမှာပါ။
မြင်သာမြင်ရ မကြင်ရတဲ့ ဘဝမျိုးပေါ့။


ဒီပုံတွေကတော့ ရေအိုင် ထဲက လရိပ် မဟုတ်ပါဘူး။
မိုးရေအိုင် ထဲက နေပြောက်ပါ။
နေ လုံး ကို ရေပြင်မှာ မြင်နေရတဲ့ အလင်းပြန် ပုံရိပ်ပါ။
ရေအိုင်ထဲက နေလုံး ကိုလည်း ကိုင်တွယ်လို့ မရပါဘူး။
ရေပြင် ကို ထိရင် လှိုင်းထပြီး အလင်းပြန်ပုံရိပ်တွေ ဝေဝါး မှေးမှိန်သွားတတ်တာ သဘာဝ မဟုတ်လား။

ဒီသဘောသဘာဝကို ကြည့်မြင် သင်ခန်းစာ ယူရင်း မပိုင်ဆိုင်သင့် မကိုင်တွယ် မထိတွေ့သင့်တာတွေကို ရှောင်ရှားနိုင်ဖို့ သတင်းစကား ပါးလိုက်ရပါတယ်။

Reflection isn't stable. | Ecency